
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁
ဘင်္ဂါလီတွေအပေါ် မြန်မာအစိုးရက လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က စီရင်ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နာဗီ ပီလေး (Navi Pillay) အပါအဝင် နိုင်ငံတကာတရားရုံးက တရားသူကြီးတွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းအတွက် နိုင်ငံတစ်ခုခုကို တာဝန်ရှိကြောင်း ICJ က ယခင်က တစ်ကြိမ်မျှ ဆုံးဖြတ်ခဲ့ဖူးခြင်း မရှိပါဘူး။
အိမ်ဖြူတော်နဲ့ နီးစပ်ပြီး ဩဇာညောင်းတဲ့ပညာရှင်အဖွဲ့အစည်း (thinktank) တစ်ခုဖြစ်တဲ့ ဒီမိုကရေစီကာကွယ်ရေးဖောင်ဒေးရှင်း (Foundation for Defense of Democracies) က လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စီရင်ဆုံးဖြတ်ချက်ဟာ အမေရိကန်က ICJ အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လာစေလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
ဂါဇာဒေသအတွင်း အစ္စရေးက လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးက စီရင်ဆုံးဖြတ်လာနိုင်ခြေ ပိုများစေမယ့် စံနမူနာတစ်ခုဖြစ်လာမှာကို အမေရိကန်နဲ့ အစ္စရေးတို့က စိုးရိမ်နေတယ်လို့ သိရပါတယ်။ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားတဲ့ မြန်မာနိုင်ငံကတော့ ၎င်းတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့အာဆာတွေရဲ့စစ်ရေးအရ ပုန်ကန်ထကြွမှုကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
