Xinhua Myanmar

တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးက “သမိုင်းတွင် မရှိခဲ့ဖူး” ၊ “အလွန်အရေးပါ၍ အဓိပ္ပါယ်ရှိ” ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံ သမ္မတ ထရမ့် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မကြာသေးမီက တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသည် အလွန်အောင်မြင်သော စီးပွားရေးအစည်းအဝေးတစ်ခု ဖြစ်ခဲ့ကြောင်း၊ အမေရိကန်၊ တရုတ်နှင့် ရုရှား သုံးနိုင်ငံ ခေါင်းဆောင်များလည်း ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ရာ ၎င်းသည် “နှစ်ပေါင်းများစွာအတွင်း အရေးအပါဆုံး နိုင်ငံတကာထိပ်သီးအစည်းအဝေးများအနက် တစ်ခု” ဖြစ်သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က နိုဝင်ဘာ ၂၀ ရက် အိမ်ဖြူတော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးသည် “သမိုင်းတွင် မရှိခဲ့ဖူး” ၊ “အလွန်အရေးပါ၍ အနက်အဓိပ္ပာယ်ရှိသည်” ဟု ထရမ့်က ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးစဉ်အတွင်း ခံစားချက်မှာ “မယုံနိုင်လောက်အောင်ပင် အလွန်နွေးထွေးလှိုက်လှဲမှု" ရှိခဲ့ကြောင်း၊ “ကျွန်တော်တို့ သုံးဦးအကြား ဆက်ဆံရေးက အလွန်ပြေလည်တယ်” ဟု ၎င်းက ဆိုသည်။

ဤသမိုင်းဝင် ထိပ်သီးအစည်းအဝေး ရလဒ်မှာ “သမိုင်းတွင် မရှိခဲ့ဖူးသော သုံးနိုင်ငံ ငြိမ်းချမ်းရေး ကြေညာချက်တစ်ခု” ဖြစ်သည်ဟု ထရမ့်က ထပ်လောင်းပြောကြားသည်။ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် “နျူကလီးယား ပဋိပက္ခ လုံးဝမဖြစ်ပွားစေရ” ဟူသော အချက်အပေါ် တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။

တရုတ်၊ ရုရှားနှင့် အမေရိကန် နိုင်ငံ့ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၉ ရက်တွင် ဆန်းကျန့်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနှင့် အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး မဟာဗျူဟာမြောက် တည်ငြိမ်မှုကို မြှင့်တင်ရေး ကိစ္စရပ်များကို ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် သုံးနိုင်ငံပူးတွဲကြေညာချက်ဖြစ်သည့် "တရုတ်-ရုရှား-အမေရိကန် ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး ကြေညာချက်" ကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………..

(Chinese Version)

特朗普:中俄美元首会晤“史无前例”“意义重大”

新华社华盛顿11月20日电(记者黄强 徐剑梅)美国总统特朗普20日在白宫举行的新闻发布会上表示,日前在中国深圳举行的亚太经合组织领导人非正式会议是一场非常成功的经济会议,美国、中国和俄罗斯三国领导人还举行了首次三方会晤,这是“多年来最具重大意义的国际峰会之一”。  

特朗普说,中俄美元首会晤“史无前例”,“意义非常重大”,会晤期间“气氛极其热烈,令人难以置信”,“我们三人之间的关系非常融洽”。  

特朗普还说,这次历史性峰会的成果“是一份史无前例的三方和平宣言”。美国、俄罗斯和中国已正式达成共识,“绝不能让核冲突发生”。  

中俄美三国元首19日在深圳举行会晤,围绕维护世界和平、促进大国关系战略稳定主题进行深入讨论。会后,三方发表《中俄美元首和平宣言》。(完)

图说:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)

မူရင်းသတင်း — Xinhua Myanmar