Xinhua Myanmar

ပညာရပ်ပိုင်းဆိုင်ရာ ကူးလူးဖလှယ်မှုများမြှင့်တင်ရန် တရုတ်-အာဖရိကသုတေသနစင်တာကို စတင်ဖွင့်လှစ်

အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်အာဘာဘာမြို့တွင်ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက သုတေသနစင်တာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ဧည့်သည်တော်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အဒစ်အာဘာဘာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်-အာဖရိက သုတေသနစင်တာကို အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်အာဘာဘာတွင် နိုဝင်ဘာ ၂၀ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပြီး ပညာရပ်ပိုင်းဆိုင်ရာပူးတွဲသုတေသနများပြုလုပ်ခြင်း၊ သံတမန်ဆက်ဆံရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အထောက်အထားအခြေပြုဆွေးနွေးမှုများကို မြှင့်တင်နိုင်ရေးတို့အတွက် ယင်းစင်တာက အဓိကဗဟိုချက်မဌာနတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါစင်တာဖွင့်လှစ်လိုက်ခြင်းသည် ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံမှုများကိုမြှင့်တင်ရန်၊ တရုတ်နှင့် အာဖရိကပညာရှင်များအကြား အပြန်အလှန်နားလည်မှုရရှိစေရေးအတွက် ဆွေးနွေးပြောဆိုမှုများပြုလုပ်ရာတွင် ကူညီပေးရေးအတွက် အရေးပါသောအောင်မြင်မှုတစ်ခုဖြစ်သည်ဟု အာဖရိကသမဂ္ဂဆိုင်ရာ မစ်ရှင်အဖွဲ့ခေါင်းဆောင် ကျန်ဖုန်း က အခမ်းအနားတွင် ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံနဲ့ အာဖရိကတို့နှစ်ခုစလုံးက ဖွံ့ဖြိုးဆဲကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုအတွက် တူညီတဲ့ရည်မှန်းချက်တွေနဲ့ ကျယ်ပြန့်တဲ့ဘုံအကျိုးစီးပွားတွေကို ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံတကာမှာ ရှုပ်ထွေးပြီးမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမျိုးကိုရင်ဆိုင်နေရချိန်မျိုးမှာ တရုတ်နိုင်ငံနဲ့ အာဖရိကတို့ရဲ့ဆက်သွယ်ပြောဆိုမှုတွေ အားကောင်းစေဖို့၊ အပြန်အလှန်နားလည်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ သဘောတူညီမှုတွေကိုတည်ဆောက်နိုင်ဖို့ကလည်း အရင်ကထက် ပိုပြီးအရေးကြီးလာပါတယ်"ဟု ကျန် က ပြောကြားခဲ့သည်။

အဆိုပါစင်တာသည် ယဉ်ကျေးမှုတိုးတက်ရေး၊ ခေတ်မီတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာပူးတွဲသုတေသနများကို ပိုမိုတိုးတက်စေမည့် အရေးပါသောပလက်ဖောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းကမျှော်လင့်နေသည်။

တရုတ်လူမှုသိပ္ပံအကယ်ဒမီ (CASS) မှ အထွေထွေအတွင်းရေးမှူး ရွှဲဆုန်းယန် က စင်တာကို စတင်ဖွင့်လှစ်လိုက်ခြင်းသည် ၂၀၂၄ ခုနှစ်အတွင်းက တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်၁၀ရပ်ကို အကောင်အထည်ဖော်ခြင်းအတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းစင်တာသည် အာဖရိက၏ စက်မှုလုပ်ငန်းထွန်းကားရေး၊ တရုတ်-အာဖရိက စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ရာတွင် အထောက်အကူပြုလိမ့်မည်ဖြစ်သည်။

အီသီယိုးပီးယား ပညာရေးဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီး ဆော်လ်မွန်အက်ဘ်ရာဟာက တရုတ်နှင့် အာဖရိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည့်ရလဒ်များသည် ပညာရပ်ဆိုင်ရာစာတမ်းများထုတ်ဝေခြင်းထက် ကျော်လွန်သွားရန်လိုအပ်သလို ယင်းရလဒ်များသည် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် အထောက်အကူပြုရေး၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး၊ တရုတ်နှင့် အာဖရိက ပြည်သူနှစ်ရပ်လုံး၏လူမှုဘဝများ တိုးတက်စေရန်ဆောင်ရွက်ရမည်ဟု အလေးအနက်ထားပြောကြားခဲ့သည်။

အဆိုပါစင်တာကို အဒစ်အာဘာဘာတက္ကသိုလ် (AAU)နှင့် CASS လက်အောက်ရှိ တရုတ်-အာဖရိကအင်စတီကျုတို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး AAU တွင် ဖွင့်လှစ်ထားရှိသည်။ ယင်းစင်တာသည် တရုတ်-အာဖရိက ဆက်ဆံရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်ရေးစနစ်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို အဓိကအလေးထားပြီး ပူးပေါင်းသုတေသနပြုလုပ်ခြင်း၊ ပူးတွဲစာတမ်းများထုတ်ဝေခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာဖလှယ်မှုများနှင့် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။ (Xinhua)

..............................................

(English version)

China-Africa Research Center launched to boost academic exchange

ADDIS ABABA, Nov. 20 (Xinhua) The China-Africa Research Center was officially inaugurated Friday in Addis Ababa, the capital of Ethiopia, serving as a premier hub to conduct joint academic research, deepen diplomatic ties and cultural exchanges, and promote evidence-based discussions on regional and global issues.

Speaking at the event, Jiang Feng, head of the Chinese Mission to the African Union, said the inauguration represents an important achievement to deepen academic cooperation, promote people-to-people exchanges, and help Chinese and African scholars engage in dialogue for mutual understanding.

"China and Africa are both members of the Global South, sharing broad common interests and similar aspirations for development. In the face of a complex and volatile international environment, it is more important than ever for China and Africa to strengthen communication, deepen mutual understanding and build consensus," Jiang said.

He expected the center to become an important platform to advance joint research on civilizations, modernization, global governance, peace and security.

For his part, Xue Songyan, secretary-general of the Chinese Academy of Social Sciences (CASS), said the launch of the center marks an important step to deliver the 10 partnership actions under the Forum on China-Africa Cooperation in 2024. The center will help advance African industrialization, China-Africa economic and trade cooperation and cultural exchanges.

Solomon Abraha, state minister of the Ethiopian Ministry of Education, underscored the need for Chinese and African institutes to ensure that the outcomes of this collaboration extend beyond academic publications to inform policy decisions, strengthen institutional capacities, and improve the lives of the two peoples.

Jointly established by Addis Ababa University (AAU) and the China-Africa Institute under CASS, the center is hosted at AAU. It will facilitate collaborative research, joint publications, academic exchanges and policy dialogues, focusing on China-Africa relations, socioeconomic development, governance, poverty alleviation and sustainable development. ■

Photo caption: Guests attend the inauguration event of the China-Africa Research Center in Addis Ababa, the capital of Ethiopia, Nov. 20, 2026. (Xinhua/Liu Fangqiang)

မူရင်းသတင်း — Xinhua Myanmar