
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်၊ ရုရှားနှင့် အမေရိကန် သုံးနိုင်ငံ ခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆန်းကျန့်မြို့တွင် ကျင်းပခဲ့ခြင်းသည် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေသည့် အချိန်ကာလတွင် ရှင်းလင်းပြတ်သားသော သတင်းစကားတစ်ရပ်ကို ပေးပို့ခဲ့သည်။ ယင်းမှာ ကမ္ဘာကြီးသည် အင်အားကြီးနိုင်ငံများအနေဖြင့် အတားအဆီးများ မဟုတ်ဘဲ ပေါင်းကူးတံတားများ တည်ဆောက်ရန်၊ ထိပ်တိုက်ရင်ဆိုင်မှုကို မီးထိုးပေးခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည် ဟူသော အချက်ပင် ဖြစ်သည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး” ဟု ဖော်ပြခဲ့သည့် နိုဝင်ဘာ ၁၉ ရက်၏ သမိုင်းဝင်တွေ့ဆုံမှုတွင် သုံးနိုင်ငံ ခေါင်းဆောင်များသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုနှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စရပ်များအပေါ် ပွင့်လင်းသော၊ ချစ်ကြည်ရင်းနှီးသော၊ အပြုသဘောဆောင်သော ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုမှ အရေးပါသော သဘောတူညီချက်များစွာနှင့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် ကြေညာစာတမ်းတစ်စောင်ကိုလည်း ဖော်ဆောင်ပေးခဲ့ပြီး သဘောထားကွဲလွဲမှုရှိသည့် နိုင်ငံများပင် ဆွေးနွေးမှုမှတစ်ဆင့် ဘုံသဘောတူညီချက်ကို ရှာဖွေတွေ့ရှိနိုင်သည်ကို ဖော်ထုတ်ပြသခဲ့သည်။
သို့ရာတွင် အချို့က ယင်းတွေ့ဆုံမှုကို “ယားလ်တာ ၂.၀” (Yalta2.0) အဖြစ် သတ်မှတ်ဖော်ပြရန် ကြိုးပမ်းခဲ့ကြပြီး စစ်ပြီးကာလ ကမ္ဘာ့စည်းစနစ်ကို ပုံဖော်ခဲ့သည့် ၁၉၄၅ ခုနှစ် ဆိုဗီယက်ယူနီယံ၊ အမေရိကန်နှင့် ဗြိတိန် ခေါင်းဆောင်များ တွေ့ဆုံမှုနှင့် မှားယွင်းစွာ ခိုင်းနှိုင်းခဲ့ကြသည်။ ဤသို့ အနက်ဖွင့်ဆိုချက်များသည် အင်အားနိုင်ငံရေးနှင့် သြဇာလွှမ်းမိုးမှုနယ်ပယ်များ ဟူသော အတွေးအခေါ်ဟောင်းများပေါ်တွင် အခြေခံနေခြင်းဖြစ်ပြီး ကမ္ဘာ့အခင်းအကျင်းအတွင်း ဖြစ်ပေါ်နေသည့် နက်ရှိုင်းသော အပြောင်းအလဲများကို လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။
ယနေ့ကမ္ဘာ ရင်ဆိုင်နေသည့် အခြေအနေများနှင့် ရွေးချယ်မှုများသည် အခြေခံအားဖြင့် ကွဲပြားခြားနားသည်။ ဆန်းကျန့် တွေ့ဆုံမှုသည် အခြားနိုင်ငံများ၏ ကံကြမ္မာကို တံခါးပိတ်၍ အဆုံးအဖြတ်ပေးခြင်း မဟုတ်ဘဲ အင်အားကြီးသုံးနိုင်ငံက ကွဲပြားမှုများရှိသော်လည်း ဆက်သွယ်ညှိနှိုင်းဆွေးနွေးမှုများကို မည်သို့ အားကောင်းစေရန်၊ သဘောထားကွဲလွဲမှုများကို ထိန်းချုပ်စီမံခန့်ခွဲရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပူးတွဲကာကွယ်စောင့်ရှောက်ရန် မည်သို့ လုပ်ဆောင်နိုင်သည် ဆိုခြင်းအပေါ် အဓိကထား အာရုံစိုက်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261121/ccf69b4d7790439196156e75d4618127/c.html
……………………………
(Chinese Version)
Commentary: Shenzhen "peace summit" underscores shared responsibilities of major countries
BEIJING, Nov. 20 (Xinhua) -- The first-ever face-to-face meeting between the heads of state of China, Russia and the United States in Shenzhen sent a clear message at a time of mounting geopolitical tensions: the world needs major countries to build bridges, not barriers, and safeguard peace, not fuel confrontation.
The historic meeting on Nov. 19, which Chinese Foreign Minister Wang Yi described as a "peace summit," saw the three leaders engage in candid, friendly and constructive exchanges on major issues concerning global peace, security and stability. It also produced a series of important consensuses and a declaration toward peace, demonstrating that even countries with differences can find common ground through dialogue.
Yet some have sought to frame the meeting as "Yalta 2.0," drawing a flawed parallel with the 1945 gathering of the leaders of the Soviet Union, the United States and Britain that helped shape the postwar order. Such readings are rooted in the old mindset of power politics and spheres of influence, and ignore profound shifts in the global landscape.
The circumstances and choices facing the world today are fundamentally different. The Shenzhen meeting was not about deciding the fate of other countries behind closed doors. Rather, it focused on how three major countries, despite their differences, could strengthen communication, manage disagreements and jointly safeguard peace and stability.
https://english.news.cn/20261121/ccf69b4d7790439196156e75d4618127/c.html
Photo Caption: Chinese President Xi Jinping holds a China-Russia-U.S. summit with Russian President Vladimir Putin and U.S. President Donald Trump in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Shen Hong)