
ဆန်းကျန့်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ၃၃ ကြိမ်မြောက် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအား ကြီးမှူးကျင်းပခဲ့ပြီး အာရှပစိဖိတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန်အတွက် တိုး၍ကြိုးပမ်းကြရန်နှင့် အာရှပစိဖိတ်အံ့ဖွယ် စာမျက်နှာသစ်ဖွင့်လှစ်ရေးသားရန် တိုက်တွန်းခဲ့သည်။
အစည်းအဝေးတွင် ပြောကြားသော ရှီ၏ မိန့်ခွန်းစကားသည် တရုတ်နိုင်ငံအနေဖြင့် ပိုမိုအင်အားတောင့်တင်းသော၊ ပိုမိုပေါင်းစည်းမှုရှိသော အာရှ-ပစိဖိတ်အသိုက်အဝန်း တစ်ခုကို တည်ဆောက်ရန် မျှော်မှန်းချက်ကို ဖော်ပြလိုက်ပြီး ဒေသအတွင်း လွန်ခဲ့သည့်ဆယ်စုနှစ် ၃ ခု အတွင်း ရရှိထားသည့် အခြေခံပေါ်တွင်တည်ဆောက်ရန်အတွက် လမ်းပြမြေပုံကိုပါ ဖော်ပြလိုက်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုကြသည်။
ယင်းသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးပြီး အာရှ-ပစိဖိတ်နှင့် အခြားဒေသများတွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှု ပံ့ပိုးပေးရန်အတွက် ကူညီပေးနိုင်ကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။
ဘုံမျှော်မှန်းချက်
အာရှ-ပစိဖိတ်အသိုက်အဝန်း တည်ဆောက်ရာတွင် စည်းလုံးမှုနှင့် အပြန်အလှန်ကူညီမှု၊ တံခါးဖွင့်လှစ်မှုနှင့် ပေါင်းစည်းမှု၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုများအပြင် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ကြောင်း နိုဝင်ဘာ ၁၉ ရက် မိန့်ခွန်းတွင် ရှီက အလေးထား ပြောကြားခဲ့သည်။
အဆိုပါလိုအပ်ချက်များသည် အပြန်အလှန်ချိတ်ဆက်နေပြီး အပြန်အလှန်အားဖြည့်ပေးနေကြောင်း အော့ကလန်တက္ကသိုလ် တရုတ်ရေးရာ သုတေသနစင်တာ ဒါရိုက်တာ Herbert Sima က ပြောကြားခဲ့သည်။ ၎င်းတို့သည် အာရှ-ပစိဖိတ် ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်မှု ပံ့ပိုးပေးလိုက်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများအား ကိုင်တွယ်စီမံရန်လည်း အဖိုးတန်သည့် ဉာဏ်လမ်းစများ ပံ့ပိုးပေးလိုက်သည်ဟု ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261120/ee0e0dc27e2049459190a8dc128b6e35/c.html

---------------------
(English Version)
Xinhua Headlines: Xi's APEC speech inspires optimism for new chapter in Asia-Pacific prosperity
SHENZHEN, Nov. 20 (Xinhua) -- Chinese President Xi Jinping chaired the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting in Shenzhen on Thursday, calling for further efforts to build an Asia-Pacific community and write a new chapter of the Asia-Pacific miracle.
Experts said Xi's speech at the gathering outlined China's vision for a stronger, more integrated Asia-Pacific community, offering a roadmap for the region to build on the achievements of the past three decades.
They also said it could help deepen regional cooperation, create new opportunities for shared development and contribute to peace, stability and prosperity in the Asia-Pacific and beyond.
A SHARED VISION
In his Thursday speech, Xi stressed that building an Asia-Pacific community requires solidarity and mutual assistance, openness and integration, enterprise and innovation, as well as inclusive development.
These requirements are interconnected and mutually reinforcing, said Herbert Sima, director of the China Studies Center at the University of Auckland, noting they not only provide guidance for economic cooperation in the Asia-Pacific, but also offer valuable insights into addressing global uncertainties.
https://english.news.cn/20261120/ee0e0dc27e2049459190a8dc128b6e35/c.html
Photo Caption 1: This photo taken on Nov. 19, 2026 shows the International Communication Center of Shenzhen, the venue of the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting, in Shenzhen, south China's Guangdong Province. (Xinhua/Xing Guangli)
Photo Caption 2: This photo taken on Nov. 3, 2026 shows a view of Shennan Avenue in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)