Xinhua Myanmar

ဒိန်းမတ်က ရုရှား စစ်သံမှူးအား နှင်ထုတ်၊ “သင့်လျော်သော တုံ့ပြန်မှု” လုပ်ဆောင်မည် ဟု ရုရှား ဆို

ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်ရှိ ရေကန်တွင် ကင်းလှည့်နေသည့် ရဲအရာရှိများကို ၂၀၂၀ ပြည့်နှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိုစလို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံအနေဖြင့် ဒိန်းမတ်နိုင်ငံအခြေစိုက် ရုရှားနိုင်ငံ ကာကွယ်ရေးစစ်သံမှူးကို နိုင်ငံမှနှင်ထုတ်ရန် ဆုံးဖြတ်လိုက်ပြီး ၎င်းအား ၇ ရက်အတွင်း ထွက်ခွာရန် တောင်းဆိုထားကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒိန်းမတ်က ၎င်း၏စစ်သံမှူး နှင်ထုတ်မှုနှင့် ပတ်သက်၍ “သင့်လျော်သော တုံ့ပြန်မှု” လုပ်ဆောင်မည်ဟု ထိုနေ့တွင် ပြောကြားခဲ့သည်။

Lars Lokke Rasmussen က စစ်သံမှူးအား နှင်ထုတ်ခြင်းသည် “ရှင်းလင်းသော အချက်ပြမှု” ပေးရန် ရည်ရွယ်ကြောင်း၊ ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Vladimir Barbin ကိုလည်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ထိုနေ့တွင် မြို့တော် ကိုပင်ဟေဂန်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဒိန်းမတ်ရေဒီယို (DR) ၏သတင်းအရ သိရသည်။ ဒိန်းမတ်အနေဖြင့် ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဖြစ်သော်လည်း ရုရှားနှင့် သံတမန်ဆက်ဆံရေး လမ်းကြောင်းကို ဖြတ်တောက်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ဒိန်းမတ်အစိုးရသည် ရုရှားနိုင်ငံသားများအတွက် မဖြစ်မနေလိုအပ်ခြင်း မဟုတ်သော ဗီဇာများ ခွင့်ပြုပေးခြင်းကို ရပ်တန့်သွားမည်ဖြစ်ပြီး  ဥရောပသမဂ္ဂအနေဖြင့်လည်း အလားတူ အစီအမံများ ချမှတ်ရန် တိုက်တွန်းခဲ့သည်။

ဒိန်းမတ်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန (PET) က ၎င်းအဖွဲ့အစည်း၏ ထောက်လှမ်းရေး အကဲဖြတ်ချက်အရ ရုရှားထောက်လှမ်းရေးအဖွဲ့အစည်းက ယူကရိန်းနှင့် အမေရိကန် နိုင်ငံသားနှစ်ခု ကိုင်ဆောင်ထားသည့် လူပုဂ္ဂိုလ်တစ်ဦးကို ပစ်မှတ်ထား၍ လုပ်ကြံမည့် လှုပ်ရှားမှု တစ်ရပ် စီစဉ်ပြီး စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ဒိန်းမတ် သက်ဆိုင်ရာဌာနများက စက်တင်ဘာ ၂၅ ရက်တွင် ထိုလှုပ်ရှားမှုကို ဖျောက်ဖျက်နိုင်ခဲ့ကြောင်း ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်မှတစ်ဆင့် ဒိန်းမတ်အစိုးရ၏ ရုရှားစစ်သံမှူးအပေါ် စွပ်စွဲချက်များသည် လုံးဝအခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသတင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒိန်းမတ်က ၎င်းတို့စစ်သံမှူးအား နှင်ထုတ်မှုအပေါ် “သင့်လျော်သော တုံ့ပြန်မှု” လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

丹麦驱逐俄罗斯武官 俄表示将“适当回应”

新华社奥斯陆11月20日电(记者张玉亮)哥本哈根消息:丹麦外交大臣拉斯穆森20日宣布,丹麦决定驱逐俄罗斯驻丹麦国防武官,要求其在7日内离境。俄外交部当天表示,俄将对丹麦驱逐其武官一事“作出适当回应”。  

据丹麦广播公司报道,拉斯穆森当天在哥本哈根举行的记者会上表示,驱逐俄武官的决定旨在“传递明确信号”。俄罗斯驻丹麦大使弗拉基米尔·巴尔宾也已被召至丹麦外交部谈话。他还表示,丹麦将继续支持乌克兰,但不会切断与俄罗斯的外交渠道。此外,丹麦政府将停止向俄公民签发非必要签证,并呼吁欧盟采取同样措施。  

丹麦安全与情报局当天通报说,根据该机构情报评估,俄罗斯情报机构策划并发动了一起针对一名持有乌克兰和美国双重国籍人士的暗杀行动。丹麦有关部门于9月25日挫败了这一行动。  

据俄罗斯媒体报道,俄罗斯驻丹麦大使馆在俄外交部的社交媒体上说,丹麦政府对俄罗斯武官的指控毫无根据。俄外交部表示,俄将对丹麦驱逐其武官一事“作出适当回应”。(完)

Photo Caption : Police officers patrol by a lake in Copenhagen, Denmark, March 19, 2020. (Xinhua/Lin Jing)

မူရင်းသတင်း — Xinhua Myanmar