Myanmar National Post

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အမှန်တရားကို ဖော်ထုတ်ခဲ့တဲ့ ဦးတင်ဦး၊ လူမျိုးလိမ်နာမည်နဲ့ လုပ်စားနေတဲ့ NUG


နိုင်ငံတော်သမ္မတရုံးက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းသွားပါတယ်။ နိုင်ငံတော်သမ္မတရုံးကလည်း ဖြေကြားသွားပါတယ်။ စာရေးသူအနေနဲ့ကတော့ စိတ်မဝင်စားပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအပေါ်အဆိုးဆုံးအခြေအနေအထိ ရောက်အောင် ယုတ်မာကောက်ကျစ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ NLD ပါတီက လူတွေ လွတ်ခြင်း မလွတ်ခြင်း အပေါ် လုံးဝကို စိတ်မဝင်စားတာပါ။

ဒါပေမယ့် ပြည်ဖျက်မီဒီယာတွေကတော့ လူပြိန်းကြိုက် မေးခွန်းအနေနဲ့ ဒါကိုပဲ မေးကြလေ့ ရှိပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ဒါမျိုးတွေကို ဖြေရတာ သဘောကျပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြည်ပသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအပေါ်  မူတည်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန် အချက်လက်များရှိလျှင် လျှော့ရန်စဉ်းစားမယ်လို့ ဖြေကြားသွားပါတယ်။

အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအပေါ်  မူတည်ပြီး ပြစ်ဒဏ်လျှော့ပေါ့ရန် အချက်လက်များရှိလျှင် လျှော့ရန် စဉ်းစားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် မဲမသမာမှုများကို မှားယွင်းစွာ စီမံခန့်ခွဲမှုများဖြင့် တရားဥပဒေအရ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံထားရကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ်၊ ကျန်းမာရေးများအား စာနာထောက်ထားခဲ့ပြီး ပြစ်ဒဏ်များ လျှော့ပေါ့ပေးပြီး အကျဉ်းထောင်၌မထားဘဲ နေအိမ်တစ်ခုတွင် ကောင်းကောင်းမွန်မွန်ထားရှိထားကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

“သမ္မတကြီးပြောခဲ့တာရှိပါတယ်၊ အနာဂတ်ဆိုတာကြိုပြီးတော့ မျှော်မှန်းလို့ မရတဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာတော့ သေချာ မပြောနိုင်သေးပါဘူး။ သမ္မတကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မှာပဲ မူတည် ပြီးတော့မှ လျှော့ဖို့ စဉ်းစားဖို့ အချက်အလက်တွေ ရှိရင်လည်း လျှော့ဖို့ စဉ်းစားပါ့ မယ်နော် ။ အဲဒီအတိုင်းကို ဖြေကြားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း မူတည်တယ်။ အဲဒီအပေါ် မူတည်ပြီးတော့မှ အခွင့်အရေးတွေရလာနိုင်တယ်လို့ သမ္မတကြီးက ဖြေထားပါတယ်။ အဲဒီတော့ သမ္မတကြီး ဖြေတဲ့အတိုင်းအတိုင်းပဲ ကျွန်မပြန်ဖြေပါမယ်” လို့ ဒေါက်တာခိုင်ခိုင်စိုး က ပြောသွားတာ ဖြစ်ပါတယ်။

သမ္မတကြီးရဲ့ ပြောကြားချက်ကိုပဲ ကိုးကားပြီး ဖြေသွားတာ ဖြစ်ပါတယ်။ ဒီစကားက ဘယ်ကို ရည်ညွှန်းသလဲ စဉ်းစားကြည့်တာပေါ့။ ဒါက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသနားခံစာတင်တာမျိုး၊ လွတ်ငြိမ်းပေးဖို့ တောင်းဆိုတာမျိုး ရှိလာရင် စဉ်းစားပေးမယ့် သဘောလားပေါ့။ ဒီလို တောင်းဆိုလာတဲ့အခါ အစိုးရဘက်က အလေးထားစဉ်းစားပေးမှာအမှန်ပဲ။

ဒေါ်အောင်ဆန်းစုကြည် က အဲဒီလို တောင်းဆိုလာခဲ့ရင် အစိုးရအနေနဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်းဆိုစရာတွေ အများအပြားရှိနေပါတယ်။ လက်တလော ရဟန်းရှင်လူပြည်သူများ စိတ်မချမ်းမြေ့နိုင်အောင် ဖြစ်နေရတဲ့ လူမျိုးလိမ်ကိစ္စ ICJ တရားရုံးက စီရင်ချက်တွေ ချမှတ်လိုက်တဲ့ကိစ္စ၊ ဒီကိစ္စမှာ ဒေါ်စု ဘယ်လို အပေးအယူတွေလုပ်ခဲ့သလဲ။ ဘင်္ဂါလီများကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြု ပြောဆိုနေကြတဲ့ NLD ကနေ ပေါ်ပေါက်လာတဲ့ NUG, CRPH အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးတစ်ယောက်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကြည့်ပြီး ဘယ်လို ရပ်တည်ပေးနိုင်မလဲ။ ဒေါ်စုကိုယ်တိုင်က လူမျိုးလိမ်ခေါင်းစဉ်နဲ့ လုပ်စားသူများထဲ ပါဝင်နေတာလား။ အစရှိသော အများပြည်သူ ရှင်းလင်းမြင်သာစွာ သိမြင်လိုသော ကိစ္စရပ်များ ရှင်းလင်းပြတ်သားစွာ ချပြပေးဖို့ ပြန်လည်ပြောဆိုရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ယုတ်မာကောက်ကျစ်သော သဘောနဲ့ ဒီလူမျိုးလိမ်အမည် အသက်ဝင်လာအောင် ပူးပေါင်းဆောင်ရွက်ခဲ့သူ တစ်ယောက် ဖြစ်နေခဲ့ရင်တောင် ဖခင် ဗိုလ်ချုပ်ရဲ့ မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ စေတနာတို့ကို ထောက်ရှုပြီး အိုအိုင်စီ က ဒီလူမျိုးလိမ် အရေးအတွက် ငွေ ဘယ်လောက်ပေးခဲ့သလဲ။ ဒေါ်စုအနေနဲ့ အိုအိုင်စီပေးတဲ့ ငွေကို လက်ခံပြီး မလျှော်ကန်တဲ့ အလုပ်တွေ လုပ်ခဲ့မိရင်လည်း အကျဉ်းထောင်က မလွတ်မီ အများပြည်သူ ရှင်းရှင်းလင်းလင်း သိရအောင် ပွင့်လင်းမြင်သာစွာ ချပြသွားစေချင်ပါတယ်။

ဒေါ်စုအနေနဲ့ ဘယ်သူ့ကို လေးစားကျသင့်သလဲဆိုရင် NLD နာယကကြီး ဦးတင်ဦး ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားတဲ့ စေတနာကို အတုယူသင့်ပါတယ်။ ဘင်္ဂါလီများရဲ့ လူမျိုးလိမ်ဖန်တီးအသုံးပြုနဲ့ ပတ်သက်လို့ ဦးတင်ဦး ဟာ လူငယ်လူရွယ်များကိုလည်း မှန်ကန်စွာ ရှင်းပြခဲ့သလို သတင်းဌာနများက ဆက်သွယ်မေးမြန်းလာတဲ့အခါမှာလည်း အမှန်ကို အမှန်အတိုင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရွာဟောင်းဂျား ဆိုတာကို (ရိုဟင်ဂျာ) ဆိုပြီး ဖန်တီးအသုံးပြုလာတဲ့ အခြေအနေမှန်ကို ဦးတင်ဦး က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အခု NLD က ပေါ်ပေါက်လာတဲ့ CRPH, NUG အဖွဲ့ဝင်ဆိုသူတွေဟာ ဦးတင်ဦး ရဲ့ စကားကို မျက်ကွယ်ပြုသွားကြပြီ။ OIC အဖွဲ့ရဲ့ အထောက်အပံ့ကိုယူပြီး လူမျိုးလိမ်နာမည်တစ်လုံးနဲ့ လုပ်စားနေကြလေရဲ့။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်သမားများအဖြစ် သေတွင်းထဲ တွန်းပို့ပြီး နောက်ဆုံးတော့ သူတို့တွေဟာ ခိုးဝင်ဘင်္ဂါလီကို လူမျိုးလိမ်နာမည်နဲ့ အသိအမှတ်ပြုပေးမယ်လို့ အာမခံချက်ပေးပြီး OIC ရဲ့ ကျွန်သဘောက် ဖြစ်နေတာကို သိလိုက်ရတယ်။ CRPH, NUG အတွက် အသက်သေးခဲ့ကြရတဲ့ လူငယ်တွေအတွက် ရင့်နင့်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးပါပဲ။ နီပိန်းတွေမှာတော့ CRPH, NUG ဆိုတာကို ယုံကြည်ကိုးစားပြီး သူတို့ သွေးထိုးလှုံ့ဆော်သည့်အတိုင်း အကြမ်းဖက်သမားများအဖြစ်နဲ့ လိုက်ပါလုပ်ဆောင်ခဲ့ကြတယ်။ အခုတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးတွေ အစွယ်ထွက်လာတယ်။ ICJ က မြန်မာနိုင်ငံအပေါ် စီရင်ချက်တွေ ချလိုက်ပြီလဲဆိုရော NUG ဦးဆောင်တဲ့ အဖွဲ့တွေက ကြိုဆိုပါတယ်၊ ထောက်ခံပါတယ် ဆိုတဲ့အသံတွေ ထွက်လာတော့တာပဲ။ လုပ်စားတာ အရမ်းသိသာလွန်းတယ်။

ဒေါ်စုအနေနဲ့ ဖခင်ဗိုလ်ချုပ် လို တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာထားတယ်ဆိုရင် မိမိရဲ့ လုပ်မှား ကိုင်မှားတွေကို အများပြည်သူ မှန်ကန်စွာ သိရှိဖို့ရ ချပြပြောဆိုဖို့လည်း ဝန်လေးနေဖို့ မလိုပါဘူး။ ၂၀၁၆ ရွေးကောက်ပွဲအကြိုမှာ ဒေါ်စုက အဂတိလိုက်စားမှုတွေကို ကိုင်တွယ်သွားမယ်၊ တရားဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အာဏာရလာတဲ့အချိန်မှာ ဒေါ်စုကိုယ်တိုင် အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့မိတဲ့ အမှား၊ ပြည်ပနိုင်ငံများ အလိုကျ တိုင်းပြည်နဲ့ လူမျိုးအတွက် မလျော်ကန်တဲ့ လုပ်ရပ်များကို ပြောနိုင်ဆိုနိုင် ရှိနေတဲ့ ကာလမှာ ပွင့်လင်းမြင်သာစွာ ချပြပြောဆိုစေချင်ပါတယ်။

ဒီလို ချပြပြောဆိုလာခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ကလည်း မိမိတို့ လေးစားအားထားရတဲ့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်နေတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်များကို အသုံးချပြီး ပြစ်ဒဏ်များ အလုံးစုံလျှော့ပေါ့ပေးပြီး ရာနှုန်းပြည့် လွတ်ငြိမ်းပေးဖို့အထိ တိုက်တွန်းလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#Myanmar #News

မူရင်းသတင်း — Myanmar National Post