Myanmar Transparency News

ICJ ၏ အပြီးသတ်အမိန့်ချမှတ်မှုသည့် တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြစ်ပြီး တရားမျှတမှု လုံးဝ(လုံးဝ) မရှိသဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်း ထုတ်ပြန်

၂၄.၁၁၀.၂၀၂၆
Written by Linn Eain

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ အပြီးသတ်အမိန့်ချမှတ်မှုသည့် တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြစ်ပြီး တရားမျှတမှု လုံးဝ(လုံးဝ) မရှိသဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းက နို၀င်ဘာ ၂၄ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟုဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ (Genocide) လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည်ဟု ICJ တရားရုံးက တစ်ဖက်သတ်ဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ကြောင်း သဘောထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ဒေသခံတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည့်အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA အကြမ်းဖက်သမားများအား တုံ့ပြန်ခဲ့သည့် စစ်ဆင်ရေးတစ်ခုသာဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မြို့ရွာအိုးအိမ်များ ပျက်စီးခဲ့ရပြီး ဒေသတွင်းနေထိုင်သူများနှင့် ဘင်္ဂါလီများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့်ဖြစ်စဉ်များကို မှတ်တမ်းမှတ်ရာများဖြင့် တိကျစွာ လျှောက်လဲတင်ပြခဲ့ပြီးဖြစ်ကြောင် ဖော်ပြပါရှိသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မတရားစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြီးသတ်အမိန့်မချမှတ်ခင် ကြားဖြတ်အမိန့်များချမှတ်စဉ်ကတည်းက ညွှန်ကြားချက်များကို
တိကျစွာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ ယခုကိစ္စရပ်နှင့်ပတ်သက်၍ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာတွင် တရားသူကြီး ၁၅ ယောက်တွင် တရားသူကြီး ၉ ယောက်က သဘောတူညီခဲ့ပြီး တရားသူကြီး ၆ ယောက်က သဘောမတူဘဲ ကန့်ကွက်ခဲ့ရာ တရားသူကြီးအားလုံးက ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ကြောင်းကို သိရှိရကြောင်း၊ (ICJ)တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု လုံးဝမရှိကြောင်း ထင်ရှားပေါ်လွင်သည်။

ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုသည် တရားမျှတမှု လုံးဝ(လုံးဝ) မရှိပါသဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News