
ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီ နှစ်ရပ်စလုံး၏ ပါတီတွင်း အားပြိုင်မှုများနှင့် ပါတီနှစ်ရပ်ကြား ယှဉ်ပြိုင်မှုများမှာ တစ်နေ့တခြား ပိုမိုပြင်းထန်လာလျက်ရှိသည်။ လက်ရှိတွင် ပါတီနှစ်ရပ်စလုံး၏ ပါတီအတွင်းပိုင်း၌ မသေးငယ်သော သဘောထားကွဲလွဲမှုများ ပေါ်ပေါက်နေပြီး ပါတီနှစ်ရပ်ကြားတွင်မူ စုံစမ်းစစ်ဆေးရေး၊ စွဲချက်တင်ရေးနှင့် မူဝါဒရေးရာ လုပ်ငန်းစဉ်များကို ဗဟိုပြု၍ နိုင်ငံရေး အားပြိုင်မှုများ လုပ်ဆောင်လျက်ရှိသည်။ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် လွှတ်တော်သစ် စတင်တာဝန်ထမ်းဆောင်သည်နှင့်အမျှ အမေရိကန် နိုင်ငံရေးလောကတွင် ပါတီတွင်း သဘောထားကွဲလွဲမှုနှင့် ပါတီနှစ်ရပ်ကြား ထိပ်တိုက်ရင်ဆိုင်မှုတို့ အပြန်အလှန် ယှက်နွှယ်နေသည့် အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ပြည်သူများ မျှော်လင့်နေသည့် လူနေမှုဘဝ မြှင့်တင်ရေး အစီအမံများကို ထိရောက်စွာ တွန်းအားပေး ဖော်ဆောင်နိုင်ရန် ခဲယဉ်းမည်ဖြစ်ဟု ကြိုတင်ခန့်မှန်းရပေသည်။
ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်နေရာ အားပြိုင်မှု
နိုဝင်ဘာလဆန်းပိုင်းက ကျင်းပခဲ့သည့် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီသည် အပြတ်အသတ် အားသာမှုဖြင့် လွှတ်တော်နှစ်ရပ်စလုံး၏ ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရရှိမှုက ဒီမိုကရက်တစ်ပါတီအတွင်းရှိ အစဉ်အလာနိုင်ငံရေးအသိုင်းအဝိုင်းနှင့် “တိုးတက်ရေး အင်အားစု”များ အကြား အက်ကြောင်းများကို ပေါ်လွင်စေခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် တစ်ပြေးညီဖြစ်သော မူဝါဒလမ်းစဉ်တစ်ရပ် ချမှတ်နိုင်ရန် ခက်ခဲနေသဖြင့် ဒီမိုကရက်တစ်ပါတီ၏ အနာဂတ် လားရာအပေါ် မသေချာမရေရာမှုများ တိုးပွားစေခဲ့သည်။
အထက်လွှတ်တော် ခေါင်းဆောင်ပိုင်း အားပြိုင်မှုသည် ယင်းအုပ်စုနှစ်ခုအကြား သဘောထားကွဲလွဲမှု၏ အဓိက ပြယုဂ် ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်တွင် ဒီမိုကရက်တစ်ပါတီ၏ “တိုးတက်ရေး အင်အားစု” အဖြစ် ရှုမြင်ခံထားရသည့် အထက်လွှတ်တော်အမတ် Chris Van Hollen က “အမေရိကန် ပြည်သူများက အပြောင်းအလဲကို တောင်းဆိုနေကြသည်” ဟူသော အကြောင်းပြချက်ဖြင့် အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ရွေးကောက်ပွဲတွင် ၁၀ နှစ်နီးပါး ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပြီး အစဉ်အလာနိုင်ငံရေးအသိုင်းအဝိုင်း၏ ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် ရှုမြင်ခံထားရသည့် လက်ရှိခေါင်းဆောင် Chuck Schumer ကို စိန်ခေါ်ယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။
ယင်းမတိုင်မီက ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ်နှင့် “တိုးတက်ရေး အင်အားစု” ၏ အရေးပါသော ပုဂ္ဂိုလ်ဖြစ်သူ Bernie Sanders ကလည်း Chuck Schumer ဆက်လက်တာဝန်ထမ်းဆောင်ခြင်းကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် Chris Van Hollen သည် ဗားမောင့်၊ မီချီဂန်၊ အော်ရီဂွန်နှင့် မင်နီဆိုးတား စသည့် ပြည်နယ်အများအပြားမှ “တိုးတက်ရေး အင်အားစု” အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ရရှိထားပြီး ဖြစ်သည်။
“တိုးတက်ရေး အင်အားစု” သည် Chuck Schumer အပေါ် မကျေမနပ် ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး ၎င်းသည် ရီပက်ဘလစ်ကန်ပါတီနှင့် ရင်ဆိုင်ရာတွင် အလွန်အမင်း ပျော့ညံ့လွန်းသဖြင့် စိတ်ဓာတ်ရေးရာ တက်ကြွအားကောင်းသည့် ဒီမိုကရက်တစ်ပါတီကို ရှေ့သို့ ဦးဆောင်ခေါ်သွားနိုင်ခြင်း မရှိဟု ယူဆကြသည်။
အမေရိကန် The Washington Post သတင်းစာ၏ နိုဝင်ဘာ ၂၀ ရက် စာရင်းများအရ အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ၅၅ ဦးအနက် ၁၆ ဦးက Chuck Schumer ကို လူသိရှင်ကြား ထောက်ခံထားပြီး ၆ ဦးကမူ Chris Van Hollen ကို ထောက်ခံထားသည်။ ပါတီတွင်း၌ Chuck Schumer တွင် အတော်အားကောင်းသော ထောက်ခံမှု အခြေခံ ရှိနေသေးသော်လည်း အမတ်အများအပြားက ၎င်းတို့၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသဖြင့် ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည့် ဒီမိုကရက်တစ် ခေါင်းဆောင် ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် လိုအပ်သည့် ထောက်ခံမဲ ၂၈ မဲ မည်သူရရှိမည်နည်း ဆိုသည်မှာ မသေချာသေးဘဲ စိတ်ဝင်စားဖွယ် ဖြစ်နေကြောင်း သုံးသပ်ချက်များက ဖော်ပြသည်။
အလားတူ သဘောထားကွဲလွဲမှုမျိုးသည် အောက်လွှတ်တော်တွင်လည်း ပေါ်ပေါက်လျက်ရှိသည်။ အောက်လွှတ်တော် ဒီမိုကရက်တစ် အမတ်အစုအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက်တွင် အစဉ်အလာ နိုင်ငံရေးအသိုင်းအဝိုင်းမှ လက်ရှိ အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် Hakeem Jeffries အား လာမည့် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခဲ့သော်လည်း Hakeem Jeffries သည် ပါတီတွင်း တညီတညွတ်တည်း ထောက်ခံမှုကို မရရှိခဲ့ဘဲ ကန့်ကွက်မဲ ၁၁ မဲတွင် အများစုမှာ “တိုးတက်ရေး အင်အားစု” အမတ်များထံမှ ဖြစ်သည်။
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံး၏ အခြေအနေများက ဒီမိုကရက်တစ်ပါတီ၏ ပါတီတွင်း စည်းလုံးညီညွတ်မှုမှာ စမ်းသပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြသနေသည်။ “တိုးတက်ရေး အင်အားစု” နှင့် အစဉ်အလာ နိုင်ငံရေးအသိုင်းအဝိုင်းတို့သည် ဘဏ္ဍာငွေ ခွဲဝေချထားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ကြေး စသည့် ကိစ္စရပ်များတွင် သဘောထားကွဲလွဲမှု သိသာထင်ရှားနေသဖြင့် ယင်းအုပ်စုနှစ်ခုကြား ယှဉ်ပြိုင်မှုသည် ပါတီတွင်း ခေါင်းဆောင်မှု အာဏာနှင့် သက်ဆိုင်ရုံသာမက ဒီမိုကရက်တစ်ပါတီ၏ အနာဂတ် လားရာအပေါ်တွင်လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

ရီပက်ဘလစ်ကန်ပါတီ၏ နိုင်ငံရေးလမ်းစဉ် အားပြိုင်မှု
ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ရီပက်ဘလစ်ကန်ပါတီ အတွင်းပိုင်း၌ မကျေနပ်မှုများ သိသာထင်ရှားစွာ ပေါ်ပေါက်လာခဲ့သည်။ ရီပက်ဘလစ်ကန် ပါတီဝင် အချို့က ထရမ့်အစိုးရ၏ မူဝါဒများအပေါ် လူသိရှင်ကြား မေးခွန်းထုတ်လာကြပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းမှာ အီရန်စစ်ပွဲကြောင့် ဖြစ်သည်ဟု အပြစ်တင်ခဲ့သလို တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကလည်း ကုန်ဈေးနှုန်း မြင့်တက်မှုသည် အကောက်ခွန် မူဝါဒများနှင့် ဆက်စပ်ကြောင်း ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် မကျေနပ်ချက်များသည် ပါတီတွင်း ခေါင်းဆောင်ပိုင်း ရွေးကောက်ပွဲ၌လည်း အလားတူထင်ဟပ်ပေါ်လွင်ခဲ့သည်။ အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ အထက်လွှတ်တော် ရီပက်ဘလစ်ကန် အမတ်များသည် နိုဝင်ဘာ ၁၀ ရက်တွင် တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ရာ အမတ်အချို့က ရွေးကောက်ပွဲ ရှုံးနိမ့်ရသည့် အကြောင်းရင်းကို ပြန်လည်သုံးသပ်ရန်၊ အနာဂတ် မဟာဗျူဟာကို ဆွေးနွေးရန်နှင့် ဝင်ရောက်ယှဉ်ပြိုင်လိုသူများအား စဉ်းစားချိန် ပိုမိုပေးနိုင်ရန်အတွက် ခေါင်းဆောင်ရွေးကောက်ပွဲကို ခေတ္တဆိုင်းငံ့ထားရန် အဆိုပြုခဲ့ကြသည်။ သို့သော် နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ပါတီအမတ်အစုအဖွဲ့က မူလအစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကျင်းပရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့ကြပြီး လက်ရှိခေါင်းဆောင် John Thune သည် ပြိုင်ဘက်မရှိဘဲ ဆက်လက်ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။
အနာဂတ် စီမံအုပ်ချုပ်ရေး လားရာနှင့် စပ်လျဉ်း၍လည်း ရီပက်ဘလစ်ကန်ပါတီ အတွင်းပိုင်း၌ မတူညီသော သဘောဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။ တစ်ဖက်တွင် သဘောထား တင်းမာသူ အင်အားစုများကို အရေးပါသော နေရာများ ပေးအပ်လာရာ ပါတီနိုင်ငံရေး အားပြိုင်မှုတွင် ကျွမ်းကျင်သော အောက်လွှတ်တော်အမတ် Jim Jordan သည် အောက်လွှတ်တော် ရီပက်ဘလစ်ကန် ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းမာသော ရပ်တည်ချက်ဖြင့် လူသိများသည့် Stephen Miller ကိုလည်း အိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သဖြင့် ထရမ့်အစိုးရ၏ မူဝါဒလမ်းစဉ်မှာ ဆက်လက်တည်ရှိသွားနိုင်သကဲ့သို့ ပိုမိုအားကောင်းလာနိုင်ဖွယ် ရှိနေသည်။ တစ်ချိန်တည်းမှာပင် ရီပက်ဘလစ်ကန် ပါတီဝင် အချို့က စီးပွားရေးနှင့် လူနေမှုစရိတ် စသည့် မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုများအပေါ် ပြန်လည်အာရုံစိုက်ရန်နှင့် ဒီမိုကရက်တစ်ပါတီနှင့် မလိုအပ်သည့် ထိပ်တိုက်ရင်ဆိုင်မှုများကို လျှော့ချရန် တိုက်တွန်းခဲ့ကြသည့်အပြင် ရီပက်ဘလစ်ကန်အမတ် အများအပြားကလည်း ပါတီချင်း ပူးပေါင်းဆောင်ရွက်လိုသည့် အရိပ်အယောင်များကို ထုတ်ဖော်ပြသခဲ့ကြသည်။
ရီပက်ဘလစ်ကန်ပါတီ အတွင်းပိုင်း၌ အနာဂတ် နိုင်ငံရေးလမ်းစဉ်နှင့် ပတ်သက်၍ တညီတညွတ်တည်းသော သဘောတူညီချက် မရရှိသေးကြောင်း သုံးသပ်သူများက ယူဆကြသည်။ ရီပက်ဘလစ်ကန်ပါတီသည် ယခုအခါ ဘေးကျပ်နံကျပ် အနေအထား ရောက်ရှိနေကြောင်း အမေရိကန် မီဒီယာများက ထောက်ပြထားသည်။ ယင်းမှာ အကယ်၍ ၎င်း၏ အစဉ်အလာ ကွန်ဆာဗေးတစ်ဝါဒ အယူအဆနှင့် မူဝါဒရပ်တည်ချက်များကို ပြန်လည်ဆုပ်ကိုင်ပါက ထရမ့်၏ အခြေခံ မဲဆန္ဒရှင် အင်အားစုဖြစ်သော “အမေရိကန်ကို တစ်ဖန် ပြန်လည်ကြီးမြတ်စေရေး (MAGA)” အုပ်စု၏ ထောက်ခံမှုကို ရရှိရန် ခက်ခဲနိုင်ပြီး အကယ်၍ ထရမ့်၏ နိုင်ငံရေးလမ်းစဉ်ကို ဆက်လက်လိုက်ပါလျှင်လည်း ရီပက်ဘလစ်ကန် သဘောထားပျော့ပျောင်းသူများနှင့် ကြားနေ မဲဆန္ဒရှင်များကို ပိုမိုအလှမ်းဝေးသွားစေနိုင်ကြောင်း ဖော်ပြထားသည်။ ရီပက်ဘလစ်ကန် မဟာဗျူဟာ အကြံပေး Rina Shah က ရီပက်ဘလစ်ကန်ပါတီ ရင်ဆိုင်နေရသည့် ရွေးချယ်မှုကို “အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ဦးတည်းကိုသာ ဗဟိုပြု လည်ပတ်နေမှာလား၊ ဒါမှမဟုတ် ကွန်ဆာဗေးတစ်ဝါဒလို ပိုမိုကျယ်ပြန့်တဲ့ အယူအဆတွေအပေါ် အခြေခံပြီး ရီပက်ဘလစ်ကန် အမာခံ မဲဆန္ဒနယ်မြေတွေရဲ့ ပြင်ပက မဲတွေကိုပါ အနိုင်ယူမှာလား ဆိုတာပါပဲ” ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

ပါတီနှစ်ရပ် မည်ကဲ့သို့ အားပြိုင်တိုက်ခိုက်ကြမည်နည်း
ပါတီနှစ်ရပ်စလုံး၏ အတွင်းပိုင်း၌ ကိုယ်စီ ပဋိပက္ခများ ရှိနေကြသော်လည်း ပိုမိုအာရုံစိုက်ခံနေရသည်မှာ ဒီမိုကရက်တစ်ပါတီက လာမည့်နှစ် ဇန်နဝါရီလတွင် လွှတ်တော်ကို တရားဝင် ထိန်းချုပ်ပြီးနောက် ရီပက်ဘလစ်ကန်ပါတီအပေါ် မည်သို့ “စတင်လုပ်ဆောင်မည်နည်း” ဆိုသည့် အချက်ပင် ဖြစ်သည်။
လွှတ်တော်၏ စုံစမ်းစစ်ဆေးရေးနှင့် ကြီးကြပ်ကွပ်ကဲရေး အာဏာသည် ဒီမိုကရက်တစ်ပါတီ၏ အင်အား အကောင်းဆုံး ပါတီနိုင်ငံရေး တိုက်ခိုက်မှု လက်နက် ဖြစ်လာမည်ဟု အများက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ လွှတ်တော်သစ်တွင် ဒီမိုကရက်တစ်ပါတီသည် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ၊ အီရန်စစ်ပွဲ၊ အကျင့်ပျက်ခြစားမှု ပြဿနာများ၊ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) က ယခင်က ချမှတ်လုပ်ဆောင်ခဲ့သည့် သက်ဆိုင်ရာ အစီအမံများနှင့် အက်ပ်စတိန်း (Epstein) အမှု စသည်တို့ကို အဓိကထား၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ခန့်မှန်းရသည်။
အထက်လွှတ်တော်တွင် ဒီမိုကရက်တစ် အမတ်များသည် လူများစုပါတီ အခွင့်အာဏာကို အသုံးပြု၍ ထရမ့် အမည်စာရင်း တင်သွင်းထားသည့် ဖက်ဒရယ် တရားသူကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ ရာထူးအတည်ပြုခံရခြင်းကို တားဆီးခြင်း သို့မဟုတ် အချိန်ဆွဲခြင်းတို့ ပြုလုပ်ကာ လူအစားထိုး ခန့်အပ်မှုဆိုင်ရာ ၎င်း၏ လုပ်ပိုင်ခွင့်အနေအထားကို ကန့်သတ်နိုင်ဖွယ် ရှိသည်။ ထို့ပြင် ဒီမိုကရက်တစ် အမတ်အချို့က ထရမ့်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးများအပေါ် စွဲချက်တင်ရေးလုပ်ငန်းစဉ် စတင်ရန်လည်း အဆိုပြုလျက်ရှိရာ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်မှာ “နံပါတ်တစ် ပစ်မှတ်” ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ရူဘီယို နှင့် ကျန်းမာရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှု ဝန်ကြီး ရောဘတ် ကနေဒီ ဂျူနီယာ တို့မှာလည်း “အရန်စာရင်း” တွင် ပါဝင်နေသည်။
ထရမ့်အား စွဲချက်တင်ရန် တွန်းအားပေး လုပ်ဆောင်မည်လား ဆိုသည်မှာ ဘက်အသီးသီး၏ အာရုံစိုက်ရာ အဓိက အချက်ဖြစ်သည်။ လက်ရှိတွင် ဒီမိုကရက်တစ် ခေါင်းဆောင်ပိုင်းက ယင်းကိစ္စအပေါ် သတိထား ချဉ်းကပ်လျက်ရှိသည်။ တစ်ဖက်တွင် အောက်လွှတ်တော်က စွဲချက်တင်သည့် ပုဒ်မများကို အတည်ပြုနိုင်ခဲ့လျှင်ပင် ဒီမိုကရက်တစ်ပါတီတွင် အထက်လွှတ်တော်၌ အပြစ်ရှိကြောင်း ဆုံးဖြတ်ရန် လိုအပ်သည့် သုံးပုံနှစ်ပုံ အများစု မဲအရေအတွက် မရှိခြင်းနှင့် အခြားတစ်ဖက်တွင် စွဲချက်တင်ရန် ပြုလုပ်ခြင်းက နိုင်ငံရေး အရင်းအမြစ် အမြောက်အမြားကို ကုန်ခန်းစေပြီး အခြားမူဝါဒ လုပ်ငန်းစဉ်များအတွက် အနေအထားကို ကျဉ်းမြောင်းသွားစေနိုင်သည့်အပြင် ရီပက်ဘလစ်ကန်ပါတီကိုပင် ပြန်လည်စည်းလုံးသွားစေနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။
ရီပတ်ဘလစ်ကန်ပါတီဘက်ကလည်း ခေါင်းငုံ့ခံနေမည် မဟုတ်ဘဲ ဒီမိုကရက်တစ်ပါတီ တွန်းအားပေး လုပ်ဆောင်သည့် စုံစမ်းစစ်ဆေး ကြီးကြပ်မှုများကို “နိုင်ငံရေးအရ လက်တုံ့ပြန်ခြင်း” အဖြစ် ပုံဖော်ကာ လူထုသဘောထား ထောက်ခံမှု ရရှိရန် ကြိုးပမ်းမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ကုန်ဈေးနှုန်း မြင့်တက်မှု၊ ဖြစ်ပေါ်လာနိုင်သည့် အစိုးရယန္တရားရပ်ဆိုင်းမှုနှင့် ဥပဒေပြုရေး ရှေ့မတိုး နောက်မဆုတ် အခြေအနေများအတွက် လွှတ်တော်ကို ထိန်းချုပ်ထားသည့် ဒီမိုကရက်တစ်အမတ်များအပေါ် အပြစ်ပုံချသွားဖွယ် ရှိသည်။ ထို့ပြင် ထရမ့် ကိုယ်တိုင်ကလည်း သမ္မတ၏ ဗီတိုအာဏာကို အသုံးပြု၍ ဒီမိုကရက်တစ်ပါတီ တွန်းအားပေးသည့် ဥပဒေကြမ်းများ အသက်ဝင်လာခြင်းကို တားဆီးနိုင်သေးသည်။
အမေရိကန် Brookings Institution မှ အကြီးတန်း Darrell West က လာမည့် နှစ်နှစ်အတွင်း ပါတီနှစ်ရပ်သည် အုပ်ချုပ်မှုမူဝါဒအသီးသီးကို ဗဟိုပြု၍ ပြင်းထန်စွာ အားပြိုင်တိုက်ခိုက်ကြမည်ဖြစ်ပြီး လွှတ်တော် စုံစမ်းစစ်ဆေးမှုများနှင့် အပြန်အလှန် ဟန့်တားထိန်းချုပ်မှုများမှာ အမေရိကန် နိုင်ငံရေး၏ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာမည်ဟု ထောက်ပြပြောဆိုခဲ့သည်။
“အမေရိကန် ပြည်သူလူထုက အဆုံးမရှိတဲ့ ငြင်းခုံမှုတွေနဲ့ အပြန်အလှန် ဆဲဆိုပုတ်ခတ်မှုတွေကို ငြီးငွေ့နေကြပါပြီ” ဟု အမေရိကန် အိုင်အိုဝါပြည်နယ် အောက်လွှတ်တော်အမတ်ဟောင်း Greg Cusack က သက်ပြင်းချ ပြောဆိုခဲ့သော်လည်း အနာဂတ်တွင် ၎င်းတို့ကို စောင့်ကြိုနေသည်မှာ “အရင်က နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု ပုံစံဟောင်းကြီးကိုပဲ ထပ်တလဲလဲ ပြန်လုပ်နေတာမျိုး” ဟုတ်မဟုတ်ကိုမူ လူတွေက မသိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
国际观察|内斗与互斗交织,美国党争愈演愈烈
新华社华盛顿11月23日电(记者熊茂伶)美国中期选举后,民主、共和两党党内博弈与两党相争愈演愈烈。目前,两党内部均出现不小分歧,两党之间则围绕调查、弹劾和政策议程等展开政治博弈。可以预见,随着新一届国会明年年初履职,美国政坛将呈现党内分歧与两党对立相互交织的局面,民众期望的民生改善举措恐难有效推进。
民主党:领袖之争
在11月初的中期选举中,民主党以压倒性优势重获国会参众两院控制权。但胜选却暴露出民主党内建制派与“进步派”间的裂痕,双方难以形成统一的政策路线,给民主党未来走向增添不确定性。
参议院领导层之争是两派分歧的集中体现。12日,被视为民主党“进步派”的参议员克里斯·范霍伦表示,他将在参议院民主党领袖选举中挑战已连任近10年、被视为建制派代表的现任领袖查克·舒默,理由是“美国民众呼吁变革”。
此前,佛蒙特州参议员、“进步派”重要人物伯尼·桑德斯也表示不会支持舒默连任。目前,范霍伦已获得佛蒙特、密歇根、俄勒冈、明尼苏达等多州“进步派”参议员支持。
“进步派”对舒默的不满由来已久,认为他面对共和党“过于软弱”,无法带领“士气高涨”的民主党前进。据美国《华盛顿邮报》20日统计,55名有资格在参议院民主党领袖选举中投票的民主党参议员里,16人公开支持舒默、6人支持范霍伦。有分析指出,尽管舒默在党内仍有较强支持基础,但由于很多议员尚未明确表态,谁将在12月1日举行的民主党领袖选举中达到28票获胜门槛悬念仍存。
类似的分歧也出现在众议院。众议院民主党党团18日提名属于建制派的现任众议院民主党领袖哈基姆·杰弗里斯为下届众议长,但杰弗里斯同样未获党内一致支持,11张反对票中大多数来自“进步派”议员。
参众两院的情况表明,民主党党内团结正面临考验。由于“进步派”与建制派在财政拨款、医疗补贴等议题上分歧明显,两派竞争不仅关乎党内领导权,也将在一定程度上影响民主党的未来走向。
共和党:路线之争
选举失利后,共和党内部不满情绪凸显。部分共和党人公开质疑特朗普政府政策:副总统万斯将败选归咎于伊朗战事,得克萨斯州参议员特德·克鲁兹则将高物价与关税政策相关联。
针对败选的不满同样反映在党内领导层选举中。据美媒报道,参议院共和党人10日举行闭门会议,部分参议员主张暂缓选举,以反思败选原因、讨论未来策略,并给有意竞选者更多考虑时间。不过,经过数小时讨论,党团最终决定按原计划举行选举,现任领袖约翰·图恩在没有竞争对手的情况下获得连任。
在未来施政方向上,共和党内部也出现不同倾向。一方面,强硬派力量受到重用,“善于党争”的众议员吉姆·乔丹将出任众议院新一届共和党领袖,而以强硬移民立场著称的斯蒂芬·米勒则被任命为白宫办公厅主任,特朗普政府的政策路线或将得到延续甚至强化。与此同时,也有部分共和党人呼吁重新关注经济、生活成本等选民关切,减少与民主党不必要的冲突,还有多名共和党议员释放出跨党派合作信号。
有分析认为,共和党内部对于未来政治路线尚未形成共识。美媒报道指出,共和党如今面临两难处境:如果重拾其传统保守主义理念和政策主张,可能难以获得特朗普的选民基本盘“让美国再次伟大”(MAGA)阵营的支持;但如果沿袭特朗普的政治路线,又可能进一步疏离共和党温和派和中间选民。
共和党战略顾问里娜·沙阿道出共和党面临的抉择:“究竟是要围绕一个大人物运转,还是立足于保守主义等更广泛理念,从而赢得深红选区之外的选票”。
两党如何斗法
两党内部各有矛盾,但更受关注的是民主党在明年1月正式掌控国会后,将如何向共和党“下手”。
舆论普遍认为,国会的调查和监督权将是民主党最有力的党争武器。在新一届国会中,民主党预计将重点围绕特朗普政府的移民执法、伊朗战事、腐败问题、政府效率部此前采取的相关措施以及爱泼斯坦案等展开调查。
在参议院,民主党人可能利用多数党地位,阻止或拖延特朗普提名的联邦法官及高级官员人选获得确认,限制其在人事安排上的空间。
此外,部分民主党人也主张启动对特朗普政府高官的弹劾程序,国防部长赫格塞思是“头号目标”,国务卿鲁比奥、卫生与公共服务部长小罗伯特·肯尼迪等人也在“备选名单”上。
是否推动弹劾特朗普是各方关注焦点。目前,民主党高层对此态度谨慎。分析人士指出,一方面,即便众议院通过弹劾条款,民主党在参议院也不具备定罪所需的三分之二多数;另一方面,弹劾可能耗费大量政治资源,挤占其他政策议程空间,甚至促使共和党重新团结。
共和党则不会坐以待毙,很可能将民主党推动的调查监督描绘为“政治报复”,争取舆论支持,同时将高物价、可能的政府停摆和立法僵局“甩锅”给掌控国会的民主党人。此外,特朗普本人还可以动用总统否决权,阻止民主党推动的法案生效。
美国布鲁金斯学会高级研究员达雷尔·韦斯特指出,两党未来两年将围绕各项政策展开激烈争斗,国会调查、相互掣肘将成为美国政治常态。
“美国民众已厌倦无休止的争吵和相互谩骂。”美国艾奥瓦州前众议员格雷格·丘萨克感慨道,可人们并不知道,未来等待他们的是否依然是“重复过去那一套政治对抗”。
图说1:这是11月3日在美国华盛顿拍摄的国会大厦。新华社记者李睿摄
图说2:这是6月14日在美国首都华盛顿拍摄的白宫。新华社记者李睿摄
图说3:1月21日,人们在美国明尼苏达州明尼阿波利斯的惠普尔联邦大楼外抗议。美国移民与海关执法局等多个联邦机构的当地办事处都设在该大楼内。新华社发