
နိုဝင်ဘာ ၂၄
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းဟာ ခံဝန်လက်မှတ်ထိုးပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာအုပ်စုဝင် TM သတင်းဌာနမှ ဖော်ပြထားသည်။
ဦးထွန်းထွန်းဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရမည်းသင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့လို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အရွေးခံခဲ့ပါတယ်။
ဦးထွန်းထွန်းဝင်းရဲ့ လူမှုကွန်ရက်အကောင့်မှာတော့ “အိုင်စီဂျေဆုံးဖြတ်ချက် ထောက်ခံတဲ့လူ ငါ့အကောင့်ထဲမှာရှိရင် ထွက်သွားလိုက်ပါ” လို့ နောက်ဆုံး ရေးသားထားတာ တွေ့ရပါတယ်။
NLD ပါတီ မှ ပေါ်ပေါက်လာသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် အပေါင်းအပါများက အိုင်စီဂျေဆုံးဖြတ်ချက်များကို ကြိုဆိုထောက်ခံနေကြတဲ့အချိန်မှာ ဦးထွန်းထွန်းဝင်း ရဲ့ ရပ်တည်ချက်ကတော့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုတဲ့ ရပ်တည်ချက်အဖြစ် မြင်တွေ့ရပါတယ်။
OIC အဖွဲ့ရဲ့ ငွေကြေးထောက်ပံ့မှုကို လက်ခံရယူထားတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့လို ပြည်ပြေး မီဒီယာတွေက လူမျိုးလိမ်နာမည် ဖန်တီးရေးသား ဖော်ပြကြသလို NUG, CRPH နဲ့ အပေါင်းအပါအဖွဲ့အစည်းတွေကလည်း NLD ပါတီ အာဏာရှိစဉ်က လက်မခံသည့် လူမျိုးလိမ်အမည်ကို အသုံးပြုပြောဆိုလာကြပြီး အိုင်စီဂျေ ဆုံးဖြတ်ချက်များကို ထောက်ခံ ကြိုဆိုမှုများ ပြုလုပ်လျက်ရှိသည်။
NLD နာယကကြီး ဦးတင်ဦး က လူမျိုးလိမ် ဖန်တီးအသုံးပြုမှုနှင့် ပတ်သက်၍ လူငယ်များအား ရှင်းလင်းပြောကြားရာတွင် "ရခိုင်သားတွေကို ပြောတာက ရွာဟောင်းသား၊ ရှေးရှေးတုန်းကတည်းက အတူတူနေလာခဲ့ကြတဲ့ တိုင်းရင်းသားကို ရွာဟောင်းသားလို့ ပြောတာကို ရွာဟောင်းဂျားလို့ ပြောလာတယ်၊ ဒါကို ရိုဟင်ဂျာလို့ လုပ်တာ။ ဒါပဲ" ဟု ရှင်းလင်းပြောပြထားသည်။
#Myanmar #News