
၂၄.၁၁.၂၀၂၆
Translated by Htwe Ko Tun
မလေးရှားနိုင်ငံတွင် လက်ရှိရောက်ရှိနေထိုင်နေကြသည့် ဘင်္ဂါလီဒုက္ခသည် ၁၀,၀၀၀ ဦးကို တူရကီနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ကြေညာခဲ့သော်လည်း ယင်းကြေညာချက်မှာ မှန်ကန်ခြင်းမရှိကြောင်း တူရကီနိုင်ငံက နိုဝင်ဘာလ ၂၁ ရက်တွင် ပယ်ချလိုက်ကြောင်းသိရပါသည်။
မလေးရှား ဒုတိယဝန်ကြီးချုပ်က ဒုတိယဝန်ကြီးချုပ် အာမတ် ဇာဟစ် ဟာမီဒီ က Facebook လူမှုကွန်ရက်တွင် ထိုကဲ့သို ပို့စ် ရေးသားခဲ့ပြီးနောက် တူရကီအစိုးရက အဆိုပါ ထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိကြောင်း ပြောကြားထားပြီး မမှန်ကန်သော အကြောင်းအရာများကို မယုံကြည်ကြရန် ပြည်သူလူထုအား တိုက်တွန်းထားသည်။

အဆိုပါ ဒုက္ခသည်များကို စနစ်တကျ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအစီအစဉ်တစ်ခုမှတစ်ဆင့် တူရကီနိုင်ငံတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းမလေးရှားအစိုးရက နိုဝင်ဘာလ ၂၀ ရက် ကပင်ပြောကြားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ် အာမတ် ဇာဟစ် ဟာမီဒီ က Facebook စာမျက်နှာမှ အဆိုပါ ကြေညာချက်ကို ရှင်းပြချက်တစ်စုံတစ်ရာ မပေးဘဲ ပြန်လည်ဖျက်ပစ်ခဲ့ကြောင်းလည်း သိရသည်။ ရုံးချိန်ပြင်ပအချိန်ဖြစ်နေသဖြင့် အာမတ် ဇာဟစ်၏ ရုံးခန်းထံ ဆက်သွယ်၍ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိခဲ့ဟု စီဒီယာများကဆိုသည်။
မြန်မာနိုင်ငံအနေနှင့် ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က အထောက်အထားမခိုင်လုံဘဲ နိုဝင်ဘာလ ၁၉ ရက်တွင် တစ်ဖက်သတ်စီရင်ချက်ချခဲ့ပြီးနောက် ဤ ကဲ့သို့ ဘင်္ဂါလီများနှင့် ပတ်သက်၍ ပြောကြားလှုပ်ရှားလာကြခြင်းဖြစ်သည်။
မူလထုတ်ပြန်ချက်တွင် အာမတ် ဇာဟစ်က ပြောကြားရာ၌၊ ဤအဆိုပြုချက်သည် မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် အရေးကိစ္စကို “ပိုမိုညှိနှိုင်းဆောင်ရွက်မှုရှိပြီး၊ ထိရောက်ကာ လူသားဆန်သော” နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်ဟု ဆိုထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အချက်အလက်များအရ ဖေဖော်ဝါရီလကုန်ပိုင်းတွင် မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံမှ လာရောက်သည်ဆိုသော မှတ်ပုံတင်ထားသည့် ဒုက္ခသည် ၁၉၃,၀၀၀ ခန့် ရှိနေပြီး၊ ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ ဘင်္ဂါလီများဖြစ်ကြကြောင်း သိရသည်။
မြန်မာအစိုးရက ၎င်းတို့ နိုင်ငံသား အမှန်တကယ်ဖြစ်သူများအားစိစစ်၍ ၎င်းတို့၏ ဆန္ဒအရ မိခင်နိုင်ငံ ယသို့ ပြန်လည်ခေါ်ယူခဲ့ရာ ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံသား ၁၀,၀၀၀ ခန့်အားပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံမှ လာရောက်သည်ဆိုသော ဒုက္ခသည်များ ရှိနေခြင်းအပေါ် မလေးရှားနိုင်ငံက ပိုမိုစိတ်ပျက်လာခဲ့ပြီး၊ ၎င်းတို့ကို လက်ခံထားရခြင်းမှာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာသလို လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေတစ်ခုလည်း ဖြစ်လာသည်ဟု ပြောဆိုထားသည်။
၂၀၂၆ ခုနှစ်အတွင်း ဒေသအလိုက် ဘင်္ဂါလီများကို နေရပ်မှ မောင်းထုတ်ခြင်း၊ နေအိမ်များမှ နှင်ထုတ် ခြင်း၊အွန်လိုင်းပေါ်တွင် နှောင့်ယှက်စော်ကားခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြင်းထန်သော နှိမ်နင်းမှုများအထိ မလေးရှားနိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။
Ref: Nikkei Asia