NP News

မြန်မာအစိုးရနှင့် ဆက်လက် ဆက်ဆံမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ၂၀၁၇ ခုနှစ် နှိမ်နင်းမှုသည်ဘဂ်ါလီ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည်ဟု ကုလသမဂ္ဂထိပ်တန်းတရားရုံးက ပြီးခဲ့သည့်အပတ်တွင် ဆုံးဖြတ်ပြီးနောက်၊ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ဆက်လက်ဆက်ဆံသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ သမ္မတဦးမင်းအောင်လှိုင်နှင့် ၎င်း၏ ဆက်ဆံမှုများသည် မလေးရှား၏ အကျိုးစီးပွားကို ကာကွယ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ညှထွက်ပြေးတိမ်းရှောင်နေသူများကို "ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိသော ပြန်လည်ရောက်ရှိမှုကို အာမခံရန်ဟူသော (ICJ) ၏ ဆုံးဖြတ်ချက်နှင့်လည်း ကိုက်ညီကြောင်း ဝန်ကြီးချုပ် အန်ဝါက ဆိုသည်။ ပြည်တွင်းပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ ပြန်ပို့ခံရသူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး မြန်မာအစိုးရကို တရားဝင်ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေသည့်ကြားမှပင် မလေးရှားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာကို နေရပ်ပြန်ပို့နိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေချိန်တွင်မြန်မာသမ္မတဦးမင်းအောင်လှိုင်ကို ပြီးခဲ့သည့်လက တွေ့ဆုံခဲ့သည်။မလေးရှားအနေဖြင့် ဒုက္ခသည်များကို ဆက်လက်လက်ခံထားရန် မတတ်နိုင်တော့ကြောင်းနှင့် ၎င်းတို့ကို တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားရန် မျှော်လင့်ချက်မှာလည်း အဆင်မပြေခဲ့ကြောင်း ပြောကြားခဲ့သည်။

​"မြန်မာသမ္မတကို မလေးရှားသို့ ဖိတ်ကြားခြင်းက ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါသလား။ အဖြေကတော့ ဟုတ်ကဲ့ပါ" ဟု ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့ပြီး၊ ပြန်ပို့ခံရသူ မည်သူ့ကိုမဆို ထိခိုက်နာကျင်စေမည် မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက အာမခံချက် ပေးထားသည်ဟုပြောကြားခဲ့သည်။ မြန်မာပြည်သူများ၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး မူဝါဒများကို မလေးရှားအနေဖြင့် စွန့်လွှတ်ခဲ့ခြင်း မရှိကြောင်း lအစိုးရနှင့်အာဆီယံ တို့အကြား ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

မူရင်းသတင်း — NP News