Myanmar National Post

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရေးဆွဲထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံနိုင်ခြင်း မရှိသဖြင့် ကြားနေမဲ ပေးခဲ့ရ



သံအမတ်ကြီး Dan Negrea

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီဆိုင်ရာ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်

နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်

(ပြောကြားခဲ့သည့်အတိုင်း တိုက်ရိုက်ဖော်ပြချက်)

ကျေးဇူးတင်ပါတယ် သဘာပတိကြီး ခင်ဗျား။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂတွင် အပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားလိုက်နာမှု ရှိစေရေးအတွက် ကာလရှည်ကြာစွာ ဦးဆောင်ကြိုးပမ်း ထောက်ခံလာခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤဆုံးဖြတ်ချက်မူကြမ်းကို စတင်မိတ်ဆက်ချိန်မှစ၍ နှစ်စဉ် ထောက်ခံခဲ့ပြီး နှစ်ပေါင်းများစွာတွင်လည်း ပူးတွဲအဆိုတင်သွင်းသူအဖြစ် ပါဝင်ခဲ့ပါသည်။

ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုအုပ်စုဝင်များအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ အကြမ်းဖက်မှုနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများကို ခံစားနေရသူများ အပါအဝင် မြန်မာပြည်သူများအပေါ် ထောက်ခံအားပေးကြောင်းကိုလည်း ကျွန်ုပ်တို့ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများကို ခိုလှုံခွင့် ဆက်လက်ပေးထားသည့် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်တကွ မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံထားရှိပေးသည့် ဒေသတွင်းရှိ အခြားနိုင်ငံများကိုလည်း ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုရေးဆွဲထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံနိုင်ခြင်း မရှိသဖြင့် ကြားနေမဲ ပေးခဲ့ရပါသည်။ ကျွန်ုပ်တို့၏ ကြားနေမဲပေးမှုသည် မြန်မာနိုင်ငံ မြေပြင်အခြေအနေ ပြောင်းလဲသွားခြင်းကြောင့် သို့မဟုတ် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ထားရှိသော ကျွန်ုပ်တို့၏ ရပ်တည်ချက် ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ပါ။ အထူးသဖြင့် ဤကိစ္စရပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းရန် ဖော်ပြထားသည့် နိဒါန်းအပိုဒ် ၃၅ နှင့် လုပ်ငန်းစဉ်အပိုဒ် ၂ တို့ပါ စာသားအသုံးအနှုန်းများကို ကျွန်ုပ်တို့ ကန့်ကွက်ကြောင်း မှတ်ချက်ပြုလိုပါသည်။

အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်မှာ ရှင်းလင်းပါသည်။ ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ချိန်မှစ၍ ICC သည် ရောမစာချုပ် (Rome Statute) အဖွဲ့ဝင် မဟုတ်သော သို့မဟုတ် ICC ၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူလက်ခံထားခြင်း မရှိသော နိုင်ငံများ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေခဲ့ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက ကျွန်ုပ်တို့ ထောက်ပြခဲ့သော ဤကန့်ကွက်ချက်များမှာ ပြောင်းလဲသွားခြင်း မရှိသည့်အပြင်၊ တရားရုံး၏ အာဏာအလွဲသုံးစားပြုနိုင်ခြေအပေါ် ကျွန်ုပ်တို့၏ အပြင်းထန်ဆုံး စိုးရိမ်ပူပန်မှုများသည်လည်း အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

အစကတည်းက ထည့်သွင်းရန် မသင့်လျော်သော၊ လုံးဝသက်ဆိုင်မှုမရှိသည့် အကြောင်းအရာတစ်ခုအပေါ် အငြင်းပွားမှုများကြောင့် ဤအရေးကြီးသော ဆုံးဖြတ်ချက်မူကြမ်း ထိခိုက်ပျက်ပြားခဲ့ရသည့်အတွက် ကျွန်ုပ်တို့ စိတ်မကောင်းဖြစ်မိပါသည်။

ကျေးဇူးတင်ပါတယ်။

----------------------------

Ambassador Dan Negrea

United States Representative to the United Nations Economic and Social Council

New York, New York

AS DELIVERED

Thank you, Mr. Chair,

The United States has long championed respect for human rights in Burma, including at the United Nations. We have supported this resolution annually since its introduction and cosponsored it many of those years.

We share grave concerns over the continued abuses of human rights against Rohingya Muslims and members of other minority groups. We have explicitly expressed our support for the people of Burma, including those subject to violence and displacement.

We commend the Government of Bangladesh for continuing to provide shelter to displaced Rohingya, as well as other countries in the region for hosting refugees from Burma.

Regrettably, however, the United States was unable to support this resolution as drafted and abstained. Our abstention is not a reflection of changes on the ground in Burma or of a change in our position towards the situation in the country. In particular, we note our opposition to language in preambulatory paragraph 35 and operative paragraph 2 on tackling this issue through the International Criminal Court.

The United States’ position is clear: since its founding in 2002, the ICC has represented a direct threat to the sovereignty of nations that are not party to the Rome Statute nor have otherwise consented to ICC jurisdiction.

These objections we cited over two decades ago and have not changed, and our most serious concerns over the court’s potential for abuse have come to fruition.

We regret that this important resolution has been marred by a dispute over a completely unrelated topic that had no business being included in the first place.

Thank you.


#Myanmar #News

မူရင်းသတင်း — Myanmar National Post