ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄
ဘင်္ဂါလီတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်ကို စင်ကာပူက လေးစားကြောင်း သတင်းထုတ်ပြန်လိုက်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က "နိုင်ငံတကာ ဥပဒေစိုးမိုးရေးနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးမည့်ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး၊ စီရင်ဆုံးဖြတ်ချက်၏ သက်ရောက်မှုများကိုလည်း လေ့လာနေကြောင်း ပြောကြားခဲ့သည်။
ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အခက်အခဲများ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများအတွက် စိုးရိမ်ပူပန်နေဆဲဖြစ်သည်ဟု စင်ကာပူအစိုးရက ပြောသည်။
ဒုက္ခသည်များကို ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ပို့နိုင်ရေးအတွက် အခြေအနေများ ဖန်တီးပေးရန် နှစ်ရှည်လများ တောင်းဆိုနေမှုကို MFA က ထပ်မံပြောကြားခဲ့သည်။ ထို့အပြင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) မှတစ်ဆင့် အပါအဝင်၊ နေရပ်စွန့်ခွာသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးရန် အာဆီယံနှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့်အတူ စင်ကာပူက အသင့်ရှိနေကြောင်း စင်ကာပူအစိုးရက ပြောသည်။