
နိုဝင်ဘာ ၂၅
NUG အကြမ်းဖက်အဖွဲ့မှ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် NUG အဖွဲ့မှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီး မဲမသမာမှုများကြောင့် ပြည်ပထွက်ပြေးပြီး NUG အကြမ်းဖက်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်မြို့တွင် အကြမ်းဖက်လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် မောင်ကျော် (ခ) ဇေယျာသော်ထံ ငွေကြေးကူညီပံ့ပိုးပေးမှုများ စိစစ်ပေါ်ပေါက်ခဲ့သည်။
NUG အကြမ်းဖက်အဖွဲ့နှင့် အစဉ်သဖြင့် လက်တွဲခဲ့သော်လည်း ယခုအခါ ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် စီရင်ချက်များ ချမှတ်ခဲ့သည်ကို NUG အကြမ်းဖက်အဖွဲ့က ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ပြောဆိုလာသည့်အချိန်တွင် နှုတ်ထွက်ကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။
ပြည်ပြေး ပြည်ဖျက်မီဒီယာများတွင် ဒေါက်တာဝင်းမြတ်အေးသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်လာခြင်းနှင့် လက်ရှိတာဝန်များကို လက်ဆင့်ကမ်း လွှဲပြောင်းလိုခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်တွင် တာဝန်မှ အနားယူခွင့်တင်ပြခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးချုပ်က အနားယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICJ တရားရုံးမှ စီရင်ချက်များထွက်လာပြီး NUG အကြမ်းဖက်အဖွဲ့နှင့်အပေါင်းအပါ အဖွဲ့အစည်းများက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ရမည်းသင်း NLD အမတ်ဟောင်းတစ်ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရခိုင်တိုင်းရင်းသား ဒေါက်တာဝင်းမြတ်အေး NUG အဖွဲ့မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
တိုင်းပြည်အပေါ် ချမှတ်သည့် မှားယွင်းသော စီရင်ချက်များကို ထောက်ခံကြိုဆိုသည့် NUG အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်အပေါ် ရဟန်းရှင်လူပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ OIC အဖွဲ့၏ ငွေကြေးအထောက်အပံ့ကို ရယူပြီး တိုင်းရင်းသားပြည်သူများကို အသုံးချကာ ခိုးဝင်ဘင်္ဂါလီများအကျိုးကို ဆောင်ရွက်နေသူများဖြစ်ကြောင်း ရဟန်းရှင်လူပြည်သူများက သိမြင်လာကြခြင်းဖြစ်သည်။
OIC နှင့် ဆက်သွယ်၍ ငွေကြေးရယူထားသူမှာ NUG အကြမ်းဖက်အဖွဲ့ဝင် ဇော်ဝေစိုး၊ ဇင်မာအောင်တို့ ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
#Myanmar #News