Xinhua Myanmar

ပါတီ စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းဆိုင်ရာ စနစ်များ တည်ဆောက်မှု မြှင့်တင်ရန် သမ္မတရှီ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော တပ်နီတော်၏ ခရီးရှည်ချီတက်မှုအောင်ပွဲ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းဆိုင်ရာ စနစ်များ တည်ဆောက်မှု စဉ်ဆက်မပြတ် အရည်အသွေးမြင့်မားစွာ မြှင့်တင်ရန်နှင့် ပါတီစီမံခန့်ခွဲမှု၏ အခြေခံချဉ်းကပ်နည်းအဖြစ် စည်းမျဉ်းစည်းကမ်းအခြေပြု စီမံခန့်ခွဲမှုစနစ်ကို လက်ကိုင်ပြုကျင့်သုံးရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပါတီစည်းမျဉ်းစည်းကမ်းများ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ မကြာသေးမီက လမ်းညွှန်မှာကြားချက်တစ်ရပ်၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်တာအတွင်း CPC အနေဖြင့် ပါတီစည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းဆိုင်ရာ စနစ်များ ခိုင်မာအားကောင်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့ရာ သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

ပါတီအား ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲမှုကို မဆုတ်မနစ် ခိုင်မာစွာ ဆက်လက်ဆောင်ရွက်ရေး၊ တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ် တည်ဆောက်ရာတွင် ပါတီအနေဖြင့် ခိုင်မာအားကောင်းသော ဦးဆောင်မှုဗဟိုချက်အဖြစ် ဆက်လက်တည်ရှိရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အာမခံချက်များ ပေးနိုင်ရန် ပါတီအဖွဲ့အစည်းဆိုင်ရာ စနစ်များကို စနစ်တကျ ပေါင်းစည်းခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်နာအကောင်အထည်ဖော်ခြင်းတို့ တိုးမြှင့်လုပ်ဆောင်ရန်သာမက ပါတီစည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအကြား လိုက်လျောညီထွေ ချိန်ညှိမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်ရန်လည်း ရှီက တိုက်တွန်းခဲ့သည်။

ပေကျင်းမြို့၌ နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပခဲ့သည့် ပါတီစည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးအတွင်း ရှီ၏ လမ်းညွှန်မှာကြားချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီအတွင်းရေးမှူးရုံး အဖွဲ့ဝင် ချိုက်ချီ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဖွဲ့အစည်းဆိုင်ရာ စနစ်များ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ပါတီကို စီမံခန့်ခွဲခြင်းမှာ ပါတီတည်ဆောက်ရေးဆိုင်ရာ ရှီကျင့်ဖိန်အတွေးအခေါ်၏ အဓိက အနှစ်သာရများထဲမှ တစ်ခုဖြစ်ကြောင်း ချိုက်က မှတ်ချက်ပြုခဲ့ပြီး ပါတီစီမံခန့်ခွဲမှုအဆင့်အတန်းကို စည်းမျဉ်းစည်းကမ်းများဖြင့် ဘက်စုံမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Xi urges advancing building of Party regulations, institutions

BEIJING, Nov. 25 (Xinhua) -- Chinese President Xi Jinping has urged continuous and high-quality advancement in the building of regulations and institutions of the Communist Party of China (CPC), and upholding rule-based governance as the basic approach to governing the Party.

Xi, also general secretary of the CPC Central Committee and chairman of the Central Military Commission, made the remarks in a recent instruction on the work related to Party regulations and institutions.

Xi said the CPC has made solid efforts and achieved notable achievements in strengthening Party regulations and institutions over the past five years.

To provide institutional guarantees for persevering with full and rigorous Party self-governance and ensuring the Party remains the strong leadership core in building socialism with Chinese characteristics, Xi urged enhanced efforts in the systematic integration, education and enforcement of Party institutions, as well as in improving the alignment and coordination of Party rules and regulations with state laws and regulations.

Xi's instruction was conveyed at a national meeting on the work related to Party regulations held in Beijing on Tuesday and Wednesday.

Cai Qi, a member of the Standing Committee of the Political Bureau of the CPC Central Committee and a member of the Secretariat of the CPC Central Committee, attended and addressed the meeting.

Running the Party through institutions and regulations is one of the core meanings of Xi Jinping Thought on Party Building, Cai noted, calling for efforts to enhance the level of running the Party through regulations across the board.

Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, delivers an important speech during a gathering commemorating the 90th anniversary of the victory of the Red Army's Long March held at the Great Hall of the People in Beijing, capital of China, Oct. 22, 2026. (Xinhua/Yue Yuewei)

မူရင်းသတင်း — Xinhua Myanmar