
တိုကျို၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရအနေဖြင့် လက်ရှိတွင် “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” အား ပြင်ဆင်ရန် လေ့လာနေပြီး နိဒါန်းတွင် ပါရှိသည့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” စာပိုဒ်အား ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။ လက်တလောကာလတွင် ဂျပန်အစိုးရက “လုံခြုံရေးစာရွက်စာတမ်းသုံးခု” ကို ပြင်ဆင်ရာ၌ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အတွက် ခြွင်းချက်များထည့်သွင်းရန်ကြိုးပမ်းနေသည့် လှုပ်ရှားမှုနှင့်ပေါင်းစပ်ကာ အဆိုပါသတင်းသည် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
“ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” သည် ဂျပန်နိုင်ငံ၏ ပြည်ပသို့ လက်နက်တင်ပို့မှုကို စည်းစနစ်ကျစေသည့် မူဝါဒစာရွက်စာတမ်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလတွင် ဂျပန်အစိုးရက အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” နှင့် ၎င်း၏ အသုံးပြုမှုလမ်းညွှန်ချက် ပြင်ဆင်မှုလုပ်ဆောင်ခဲ့ပြီး လူသေကျေစေနိုင်သည့် လက်နက်များကို မူအားဖြင့် ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်သည်။
ဂျပန်အစိုးရသည် ယခုနှစ်အတွင်း “လုံခြုံရေးစာရွက်စာတမ်းသုံးခု” ပြင်ဆင်မှုနှင့် တွဲဖက်၍ “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” အား ထပ်မံပြင်ဆင်ရန် သို့မဟုတ် ၎င်း၏နိဒါန်းပါ “ယနေ့တိုင် သူတစ်ပါးနိုင်ငံအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည့် စစ်ရေးနိုင်ငံကြီး မဖြစ်စေရန် အခိုင်အမာ လက်ကိုင်ထားခြင်း၊ ‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ ၏ အခြေခံမူအား အခိုင်အမာ လိုက်နာခြင်း” စသည့် အသုံးအနှုန်းများကို ဖယ်ရှားရန်နှင့် တစ်ချိန်တည်းတွင် လက်နက်တင်ပို့မှုအခြေခံမူပေါ်အခြေခံ၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအရာများ ထည့်သွင်းရန် စီစဉ်ထားကြောင်း Asahi Shimbun သတင်းစာက ဖော်ပြထားသည်။
ဂျပန်အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်များက လက်ရှိ နိဒါန်းသည် ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် လက်နက်တင်ပို့မှုအပေါ် သတိထားသည့် ခိုမေတိုပါတီတို့ ပူးတွဲအုပ်ချုပ်သည့်ကာလအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး “လက်ရှိ အစိုးရရဲ့ လက်နက်တင်ပို့မှုကို တက်တက်ကြွကြွ တွန်းအားပေးနေတဲ့ ဦးတည်ချက်နဲ့ မကိုက်ညီတော့ပါဘူး” ဟူသည့် ပြောကြားချက်ကို ကိုးကား၍ Asahi Shimbun က သတင်းဖော်ပြခဲ့သည်။
“နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” သည် “နျူကလီးယားလက်နက်များကို ပိုင်ဆိုင်မှု၊ ထုတ်လုပ်မှု၊ တင်သွင်းမှု မပြုလုပ်ခြင်း” ဟူ၍ ဖြစ်သည်။ ဂျပန်အစိုးရသည် ယခုနှစ်အတွင်း “အမျိုးသားလုံခြုံရေး အာမခံမှု မဟာဗျူဟာ” အား ပြင်ဆင်ရာတွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အတွက် ခြွင်းချက်အခြေအနေ သတ်မှတ်ကာ အရေးပေါ်အခြေအနေတွင် နျူကလီးယားလက်နက် ဂျပန်ပြည်တွင်းသို့ တင်သွင်းခွင့်ပြုရန် စဉ်းစားနေကြောင်း၊ ထိုလှုပ်ရှားမှုကြောင့် ဂျပန်ပြည်သူများ အကြိမ်ကြိမ် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိကြောင်း ဂျပန်မီဒီယာများ၏ လတ်တလော သတင်းဖော်ပြချက်များအရ သိရသည်။
အထက်ပါ နောက်ခံအခြေအနေတွင် ဂျပန်အစိုးရက “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” နိဒါန်းပါ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” စာပိုဒ်အား ပယ်ဖျက်ရန် ထပ်မံစဉ်းစားလာရာ အာဏာရပါတီအတွင်း၌ပင် သံသယမေးခွန်းများ ထွက်ပေါ်လာစေခဲ့ကြောင်း၊ ထိုလုပ်ဆောင်ချက်ကြောင့် ဂျပန်အစိုးရအနေဖြင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပေါ့ပေါ့တန်တန် သဘောထားသည်ဟု ပြင်ပလောကက ထင်မြင်လာစေနိုင်သည်ဟု သက်ဆိုင်ရာလူပုဂ္ဂိုလ်များက ယူဆကြကြောင်း Asahi Shimbun သတင်းစာက ဆိုထားသည်။ (Xinhua)
---------------------
(Chinese Version)
日媒:日本政府或删除武器出口文件中“无核三原则”相关表述
新华社东京11月25日电(记者李子越 陈泽安)据日本《朝日新闻》24日报道,日本政府正在研究修改“防卫装备转移三原则”,或删除其前言中有关“无核三原则”等内容的表述。结合近期日本政府拟在修订“安保三文件”时为“无核三原则”设置例外情形的动向,这一消息引发广泛担忧。 “
防卫装备转移三原则”是规范日本对外出口武器的政策文件。今年4月,日本政府通过内阁决议,完成对“防卫装备转移三原则”及其运用指南的修改,原则上允许杀伤性武器对外出口。
《朝日新闻》称,日本政府正在考虑配合年内修订“安保三文件”,对“防卫装备转移三原则”进一步做出修改,或删除其前言中“迄今始终坚持不成为对他国构成威胁的军事大国、恪守‘无核三原则’的基本原则”等表述,同时拟增加以武器出口为前提开展研发、强化生产能力的相关内容。
《朝日新闻》援引日本政府相关人士的话称,现行前言是在自民党与对武器出口持谨慎态度的公明党联合执政期间制定的,“已不符合现政权积极推动武器出口的方向”。
“无核三原则”指“不拥有、不制造、不运进核武器”。据日本媒体近日报道,日本政府正考虑在年内修订《国家安全保障战略》时,对“无核三原则”设置例外情况,允许在紧急情况下将核武器运进日本。这一动向近期已引发日本民众频繁抗议。
《朝日新闻》称,在上述背景下,日本政府又考虑从“防卫装备转移三原则”前言中删除有关“无核三原则”的表述,甚至引发执政党内部的质疑。有相关人士认为,此举可能引发外界对日本政府轻视“无核三原则”的猜测。(完)
图说:11月19日晚,在日本东京的国会议事堂前,上万人集会抗议高市政权一系列政策和动向。 新华社记者 贾浩成 摄