Myanmar National Post

KNLA အကြမ်းဖက်အဖွဲ့ တပ်မဟာ(၁) မှ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ပြီ




မွန်-ကရင်နယ်မြေ အစပ်က KNLA အကြမ်းဖက်အဖွဲ့ တပ်မဟာ(၁)မှ တပ်ဖွဲ့ဝင်များ ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ လက်နက်ချပြီး အလင်းဝင်လာကြောင်း သိရသည်။

လက်နက်ချအလင်းဝင်ရောက်လာသူများထဲတွင် KNLA တပ်မဟာ(၁)အဖွဲ့ ၊ တပ်ရင်း(၁)၊ ခွဲ(၁)မှ ခွဲမှူးအဆင့်ရှိသူ ရဲမင်းပိုင်(ခ)ရဲလင်းပိုင်(ခ)ပုလိ ဦးစီး အပါအဝင် KNLA အဖွဲ့ဝင် ၅ ဦး၊ လက်နက် ၅လက်၊ ခဲယမ်းဆက်စပ်များနှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNLA အကြမ်းဖက်အဖွဲ့ထမြှာ ခေါင်းဆောင်ပိုင်းတွေ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်ပဲ အမြဲ ကြည့်နေမှုတွေ၊ လက်အောက်ကို မတရားခိုင်းစေမှုတွေ၊ ငယ်သားတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျှူရှုမှုတွေ၊ စစ်ဆင်ရေးတွေမှာ ထိုးကျွေးပြီး အသေခံခိုင်းတဲ့လုပ်ရပ်တွေများနေတာကြောင့် လက်အောက်ကအဆင့်တွေ ယခုလို အလင်းဝင်ရောက်လာခဲခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးနယ်မြေမှာ စစ်တပ်ရဲ့ဒ ရုန်းစစ်ဆင်မှုတွေ၊ ကင်းထောက်မှုတွေက တစ်နေ့တစ်မျိုး ဗျူဟာမြောက်တိုက်စစ်ဆင်ခြင်းကို ခံနေရတာကြောင့် KNLA အဖွဲ့အစည်းအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကျဆင်းနေရတယ်လို့ အလင်းဝင်ရောက်လာတဲ့ ခွဲမှူးက ပြောဆိုထားပါတယ်။

KNLA တပ်မဟာ(၁)အဖွဲ့အစည်းအတွင်းကနေ တပ်မတော်ဘက်ကို ယခုလို လက်နက်ချ အလင်းဝင်လိုက်တာ အနာဂတ်အတွက် အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်း အလင်းဝင်သူ ခွဲမှူး ရဲမင်းပိုင်က ပြောဆိုထားပါတယ်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post