ကိုယဉ်ချစ်(မန္တလေး)
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းတွင် တစ်ခန်းတစ်ကဏ္ဍမှ သမိုင်းဝင်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့သည် ၂၀၂၆ ခုနှစ်တွင် (၁၀၆) နှစ် ပြည့်မြောက်ခဲ့ပေပြီ။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့ဗြိတိသျှတို့လက်အောက်ကျရောက်စဉ်က ကိုလိုနီကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံးက ဆန့်ကျင်တော်လှန်ခဲ့သည့်အထိမ်းအမှတ် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
နိုင်ငံတော်၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို အနှစ်သာရပြည့်ဝသော ဆောင်ပုဒ်များ၊ ဦးတည်ချက်များချမှတ်၍ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ် (၁၀၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ တိုင်းပြည်သာယာဝပြောဖို့၊ တစ်မျိုးသားလုံး စွမ်းဆောင်စို့” ဖြစ်ပြီး ဦးတည်ချက်များအဖြစ် -
• တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသာယာဝပြောသော ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး။
• အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေး မှုအမွေအနှစ် စရိုက်လက္ခဏာများကို အစဉ် လေးစားတန်ဖိုးထား စောင့်ရှောက်မြှင့်တင်ရေး။
• နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ခေတ်မီနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကို အလေးထားဆောင်ရွက်ရေး။
• လူငယ်များ၏ စွမ်းဆောင်ရည်၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများကို ပြုစုပျိုးထောင်၍ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအင်အားစုအဖြစ် ပါဝင်ဆောင်ရွက်ရေးဟူ၍ ချမှတ်ကျင်းပသွားမည်ဖြစ်ပါသည်။
အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်းနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပါသည်။ နယ်ချဲ့ဗြိတိသျှတို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲကာ မတရားသိမ်းပိုက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများ ဆုံးရှုံး၍ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပါသည်။
၁၈၂၄ ခုနှစ် ပထမအကြိမ်ကျူးကျော်စစ်ပွဲကာလမှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည့်ကာလအထိ နှစ်ပေါင်း ၁၂၄ နှစ်သည် နယ်ချဲ့ဗြိတိသျှတို့ လက်အောက်တွင် နှစ်ပေါင်း ၁၂၀ ကျော်နှင့် ဖက်ဆစ် တို့၏ လက်အောက်တွင် သုံးနှစ်ကျွန်အဖြစ် နွံနစ်ခဲ့ရသည်။ တစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးသွားခဲ့ရ သည့် သီပေါမင်းပါတော်မူသည့် ၁၈၈၆ ခုနှစ်မှ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိ တိုင်းရင်းသားမျိုးချစ်မြန်မာများက ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်များဖြင့် တိုင်းတစ်ပါးနယ်ချဲ့တို့ကို အသက်သွေးချွေးများစွာ စတေး၍ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူပေးခဲ့ကြပါသည်။
လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရာ အောင်မြင်မှုမရခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ လက်ရုံးရည်နှင့်မအောင်မြင်လျှင် နှလုံးရည်ဖြင့် တိုက်ပွဲဝင်မည်ဆိုသည့်စိတ်ဓာတ်ဖြင့် အခြေအနေပေးသည့်အချိန်၌ အသင်းအဖွဲ့များဖွဲ့စည်း၍ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြသည်။ ၁၈၉၇ ခုနှစ်မှ စတင်၍ မော်လမြိုင်မြို့တွင် သာသနာ့ဓရအသင်း၊ မြင်းခြံ မြို့တွင် ဗုဒ္ဓကလျာဏမိတ္တအသင်း၊ မန္တလေးမြို့တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းစသည့် ဘာသာရေး အသင်းအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားခဲ့ကြသည်။
၁၉၀၆ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်မည်ဟု ရည်မှန်းချက်ဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် (ဝိုင်အမ်ဘီအေ)ကို ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီးသည် ဗုဒ္ဓ ဘာသာအသင်းဆိုသော်လည်း နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်ရန် နိုင်ငံရေးလှုပ်ရှားမှုများ၊ စည်းရုံးမှုများ၊ လူထုတိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ပြည်မြို့၌ကျင်းပခဲ့သည့် ဝိုင်အမ်ဘီအေ၏ အဋ္ဌမအကြိမ် ကွန်ဖရင့်မှ ဝိုင်အမ်ဘီအေအသင်းကို မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ)အဖြစ် အမည်ပြောင်းလဲဖွဲ့စည်း၍ စည်းရုံးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ဂျီစီဘီအေ အသင်းကြီး၏ စည်းရုံးလှုံ့ဆော်မှုများကြောင့် မျိုးချစ် စိတ်ဓာတ်များ ကိန်းအောင်းလာခဲ့ကြပြီး လွတ်လပ်ရေးကြိုးပမ်းမှုများ ပိုမိုဆောင်ရွက်လာနိုင်ခဲ့သည်။
တစ်နည်းအားဖြင့် နယ်ချဲ့တို့အား လက်နက်ကိုင်တိုက်ပွဲနည်းလမ်းမှ နိုင်ငံရေးတိုက်ပွဲနည်းလမ်းအသွင်ဖြင့် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ပညာရေးကဏ္ဍကို နှိမ့်ချထားခဲ့
နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို ရေရှည်ကျွန်ပြုထားနိုင်ရေးအတွက် ပြည်သူများ၏ ပညာရေးကဏ္ဍ နိမ့်ကျအောင် စီမံဆောင်ရွက်ခဲ့သည်။ နယ်ချဲ့တို့သိမ်းပိုက်ပြီးချိန်ကာလက မြန်မာလူမျိုးတို့၏ စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းရှိခဲ့သော်လည်း သူ့ကျွန်ဘဝ ၃၅ နှစ်ခန့်အကြာတွင် စာတတ် မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။
အဆင့်မြင့်ပညာအဆင့်တွင် နယ်ချဲ့တို့၏အခိုင်းအစေကို ကျိုးနွံစွာ ဆောင်ရွက်မည့် မြန်မာလူငယ်များကို ကျွန်ပညာသင်ကြားပေးရန်သာ အဓိကထားခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်မရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်လက်အောက်ခံ ကျောင်းခွဲများအဖြစ် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့သာ ဖွင့်ထားပေးခဲ့သည်။ သင်ရိုးညွှန်းတမ်းများမှာလည်း ကာလကတ္တားတက္ကသိုလ်မှ ချမှတ်ပေးသည့်အတိုင်း သင်ကြားကြရသဖြင့် အံဝင်ခွင်ကျမဖြစ်ခဲ့ပေ။
ဝိုင်အမ်ဘီအေအသင်းကြီးက မြန်မာနိုင်ငံတွင် သီးခြားတက္ကသိုလ်ရှိရမည်ဟု အကြိမ်ကြိမ် လှုံ့ဆော် တိုက်တွန်းဖန်များသောအခါ ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေ ကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေကြမ်း တွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်တစ်ခုသာရှိရမည်၊ ထိုတက္ကသိုလ်၏အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာရှိရမည်၊ ထိုကောလိပ်ကျောင်းသည် ရန်ကုန်မြို့၌သာ ရှိရမည်၊ သင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်၊ သင်ကြားခွင့်ရသူများသည် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေကြရမည်ဆိုသည့်အချက်များ ပါဝင်ခဲ့သည်။
ထိုအချက်များသည် မြန်မာကျောင်းသားများကို ကန့်သတ်ချုပ်ချယ်ထားပြီး အဆင့်များခွဲခြားထား သည်ကို သိမြင်နိုင်သည်။ တက္ကသိုလ်အက်ဥပဒေအရ ငွေကြေးအကုန်အကျတတ်နိုင်သည့် လူတန်းစားများနှင့် ဗျူရိုကရက်အရာရှိကြီးများ၏ အဆက်အနွှယ်များအတွက်သာဖြစ်ပြီး ငွေကြေးမတတ်နိုင်သူ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လက်လုပ်လက်စား သာမန်လူတန်းစားများ၏ သားသမီးများကို အဆင့်မြင့်ပညာ သင်ယူခွင့်မရအောင် ချုပ်ချယ်ကန့်သတ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေကြမ်းကို ကောလိပ်ကျောင်းသားများ၊ ပြည်သူများက ကန့်ကွက်ခဲ့ကြသော်လည်း မြန်မာနိုင်ငံ ဒုတိယဘုရင်ခံချုပ် ဆာရယ်ဂျီကရက်ဒေါက်က မြန်မာတို့သည် ပညာရေးအကြောင်းနားမလည် ဟုဆိုကာ ကန့်ကွက်မှုများကို လျစ်လျူရှု၍ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထိုသို့အတည်ပြုခဲ့သည့်အကြောင်းကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ ခေါင်းကြီးပိုင်းတွင် “မြန်မာပြည်သူ ပြည်သားတို့ တညီတညွတ်တည်း နေရာတကျ စဉ်းစားဆင်ခြင်ပြီးသကာလ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ပါသော်လည်း ပြည်သူ ပြည်သားတို့တောင်းဆိုကြသည့် အချက်တစ်ချက်ကိုမျှ ခွင့်မပြုဘဲ အဆိုပါ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အစိုးရမင်းတို့က အတည်ပြုလိုက်ကြသည်” ဟု ရေးသားဖော်ပြခဲ့ပါသည်။
အတည်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ကြရန် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်ကောလိပ် ကျောင်းသား ၁၁ ဦးတို့က ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယကျောင်း၌ ကျောင်းသားအစည်းအဝေးကြီး ကျင်းပကာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်သွားရန်၊ ပညာရေး ဥပဒေကို ပြင်ဆင်ပေးရေးအတွက် တောင်းဆိုသွားရန်နှင့် တောင်းဆိုချက်များ မပေးသမျှကာလပတ်လုံး ကျောင်းပြန်မတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင် ကိုဘဦးကလည်း ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါ အချက်များကို ကန့်ကွက်သည့်စာတစ်စောင်ကို ဘုရင်ခံထံပေးပို့ခဲ့သော်လည်း ဘုရင်ခံက အကြောင်းပြန်ကြားခြင်း မပြုခဲ့ခြင်းကြောင့် ကျောင်းသားများက အမျိုးသားကျောင်းများထူထောင်ကြရန် သပိတ်စခန်း၌ ဂျီစီဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် ကျောင်းသားများသည် မူလက ဒီဇင်ဘာလ ၇ ရက် နေ့တွင် သပိတ်မှောက်ရန် စီစဉ်ခဲ့ကြသော်လည်း အခြေအနေပြောင်းလဲသွားခြင်းကြောင့် ဒီဇင်ဘာလ ၅ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက် သပိတ်မှောက်ခဲ့ကြသည်။ ထိုဥပဒေသည် တက္ကသိုလ် တက်ရောက်ကြမည့် အထက်တန်းကျောင်းသားများ ကိုပါ ထိခိုက်နစ်နာစေနိုင်သဖြင့် ကောလိပ် ကျောင်းသားများသာမက အထက်တန်းကျောင်းသားများနှင့် နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများပါ ပါဝင်ခဲ့ကြသည်။ သပိတ်မှောက်ဆန့်ကျင်မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်စပ်သည့် အရေးတော်ပုံကြီး ဖြစ်လာခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုကိန်းအောင်းလာခဲ့ကြသည်။
ကျောင်းသားသပိတ်သည် အမျိုးသားပညာရေး လှုပ်ရှားမှုကို ပိုမိုထိရောက်လာစေခဲ့သည်။ ၁၉၂၁ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရွှေကျင် ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ် ကို ဖွင့်လှစ်ခဲ့ကြပြီး အမျိုးသားပညာရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်း၌ အမျိုးသားကျောင်းများ ဖွင့်လှစ်လာခဲ့ကြပြီး သပိတ်မှောက်ကျောင်းသားကြီးများက ကျောင်းသား ငယ်များကို ပညာသင်ကြားပေးခဲ့ကြသည်။ ဂျီစီဘီအေ၏တိုက်တွန်းနှိုးဆော်ချက်ဖြင့် မူလကဖွင့်လှစ် ထားသည့် ဗုဒ္ဓဘာသာကျောင်းများနှင့် အစိုးရ အထောက်အပံ့ခံ တိုင်းရင်းသားဘာသာသင်ကျောင်း များကို အမျိုးသားကျောင်းများအဖြစ် စုစည်းဖွင့်လှစ်နိုင်ခဲ့ကြသည်။
အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ
၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသည့် ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး တွင် အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ တချို့က သီပေါမင်းပါတော်မူသည့် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကိုလည်းကောင်း၊ တချို့က ဆရာတော်ဦးဥတ္တမ အဖမ်းခံရသည့်နေ့ကို လည်းကောင်း သတ်မှတ်ရန် အကြံပြုဆွေးနွေးခဲ့ ကြသည်။ ကျောင်းသားသပိတ်ကြီးတွင် ဦးဆောင်ခဲ့ကြသော ကျောင်းသားခေါင်းဆောင်များကလည်း ပါတော်မူသည့်နေ့နှင့် အဖမ်းခံရသည့်နေ့များသည် မင်္ဂလာမရှိခြင်းကြောင့် နယ်ချဲ့တို့အား ပထမဆုံး ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့ကြသည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုး သားနေ့အဖြစ် သတ်မှတ်ရန် အကြံပြုဆွေးနွေးခဲ့သည်။
ထို့ကြောင့် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ကျင်းပသည့် ဂျီစီဘီအေ အထူးကွန်ဖရင့်မှ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ် ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် အမျိုးသားအောင်ပွဲနေ့များကို ကျင်းပခဲ့ကြရာ ယခု နှစ်တွင် နှစ်ပေါင်း ၁၀၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူအပေါင်းက အတိတ် ကာလမှဖြစ်ပျက်ခဲ့ပြီးသော သမိုင်းကြောင်းများကို သင်ခန်းစာရယူ၍ ပစ္စုပ္ပန်ကာလအတွက် ကောင်းကျိုးများကို စည်းလုံးညီညွတ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရပါမည်။
သို့မှသာ တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီးကို သားစဉ်မြေးဆက် အတွက် အမွေခံကောင်းများအဖြစ် ချန်ထားနိုင်ခဲ့ရမည်ဖြစ်ပါသည်။
ယနေ့ကာလသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက အရာရာကို စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များဖြင့် အမှန်အမှားကို ဝေဖန်ပိုင်းခြား၍ မိမိတို့အကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်၏အကျိုး များကို သယ်ပိုးထမ်းဆောင်ကြရမည့် အချိန်ဖြစ်ပါသည်။
ပြည်သူအားလုံး၏ ဆန္ဒမှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးထဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြခြင်း ဖြစ်ပါသည်။ နိုင်ငံနှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ခြင်းကြောင့် တည်ငြိမ် အေးချမ်းရေးကို ပြည်သူတစ်ရပ်လုံးက တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ပူးပေါင်း တည်ဆောက်သွားကြရပါမည်။
ဤသို့တည်ဆောက်နိုင်ရန် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်လျက်ရှိပါသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ် နှင့် စံတန်ဖိုးများကိုဖွံ့ဖြိုးစေမည့် အခြေခံဖြစ်ပါသည်။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းလူငယ်မျိုးဆက်သစ်များ၊ ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို ပျိုးထောင်ပေးနိုင်မှသာ ငြိမ်းချမ်းသာယာဝပြော သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ပါမည်။
တိုင်းပြည်သာယာဝပြောရေးသည် တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်မရနိုင်ဘဲ တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက “တိုင်းပြည်သာယာဝပြောဖို့၊ တစ်မျိုးသားလုံးစွမ်းဆောင်စို့” ဆိုသည့် အမျိုးသား အောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကိုးကား
- ပြည်ထောင်စုစိတ်ဓာတ်၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း
- မြန်မာအဘိဓာန်၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
- နေ့စဉ်ထုတ် သတင်းစာများ