
ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bangchak ကုမ္ပဏီ၏ ရေနံချက်စက်ရုံတစ်ရုံ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ပြီး အဆိုပါစက်ရုံ၏ ထုတ်လုပ်ရေးယူနစ်အားလုံး လည်ပတ်မှုကို ရပ်နားထားကြောင်း အဆိုပါကုမ္ပဏီက ဆိုခဲ့သည်။
မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဘန်ကောက်မြို့ Phra Khanong ခရိုင်ရှိ ရေနံချက်စက်ရုံ၌ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း Bangchak ကုမ္ပဏီက အရေးပေါ်အခြေအနေ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့ Bang Na ခရိုင် အုပ်ချုပ်ရေးရုံးက အချင်းဖြစ်ပွားရာနေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ထိုမတိုင်မီ သတင်းထုတ်ပြန်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများအား အဆိုပါဒေသမှ ထွက်ခွာရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် အရေးပေါ်ယာဉ်နှင့် မီးသတ်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ပြည်သူများကို ရထားလမ်းဟောင်းတစ်လျှောက် လမ်းမများအား ရှောင်ကြဉ်ရန်လည်း တိုက်တွန်းခဲ့သည်။
လူမှုမီဒီယာတွင် မျှဝေထားသည့် ဓာတ်ပုံများအရ အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာ အထက်ဝေဟင်တွင် မီးခိုးမည်းများစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့မြင်ရသည်။ (Xinhua)

---------------------
(English Version)
Fire at Bangkok oil refinery put out, plant shut down
BANGKOK, Nov. 26 (Xinhua) -- A fire at Bangchak's oil refinery in Bangkok was put out on Thursday afternoon, and all of the plant's production units have been shut down, the company said.
The fire broke out at about 2:45 p.m. local time at the refinery in the city's Phra Khanong district and was extinguished at 3:15 p.m., Bangchak said in an emergency situation report. The cause is under investigation.
Bangkok's Bang Na district office had earlier reported an explosion at the site and urged nearby residents to leave the area. It also asked people to avoid the road along the old railway line so emergency vehicles and fire engines could use it.
Images shared on social media showed a large column of black smoke rising over the area. Enditem
图说:11月26日,应急人员聚集在泰国曼谷发生爆炸事件的炼油厂。新华社发