
တိုကျို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ ရဲတပ်ဖွဲ့သည် နေအိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှု သံသယဖြင့် အသက် ၄၆ နှစ်အရွယ် အမေရိကန်စစ်တပ်၏ အရပ်ဘက်ဝန်ထမ်းတစ်ဦးကို နိုဝင်ဘာ ၂၇ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါသံသယရှိသူသည် နိုဝင်ဘာ ၂၇ ရက် အစောပိုင်းက အိုကီနာဝါမြို့ရှိ တိုက်ခန်းတစ်ခုအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံထားရသော်လည်း ၎င်းက ထိုစွပ်စွဲချက်ကို ငြင်းဆိုထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဒေသခံရဲတပ်ဖွဲ့က ၎င်းအသက်ရှူသွင်းရှူထုတ်ရာတွင် အရက်နံ့ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။
အောက်တိုဘာလ အစောပိုင်းကလည်း အိုကီနာဝါစီရင်စု၊ နာဟာမြို့တွင် ဂျပန်အမျိုးသမီးတစ်ဦးအား လုယက်သတ်ဖြတ်မှု သံသယဖြင့် အမေရိကန်စစ်မှုထမ်းတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲ့ဝင်များအတွက် အောက်တိုဘာ ၉ ရက်မှစတင်၍ ရက်ပေါင်း ၃၀ ကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များအတွက် ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၇ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့သည်။
ဂျပန်နိုင်ငံတွင် အခြေစိုက်သော အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်ပတ်သက်နေသည့် လူသတ်မှု၊ မုဒိမ်းမှုနှင့် လုယက်မှုစသည့် ပြင်းထန်သော ပြစ်မှုများသည် အများပြည်သူအကြား နက်ရှိုင်းစွာ စိုးရိမ်ပူပန်ရသည့် အကြောင်းရင်းတစ်ခုအဖြစ် ရှိနေခဲ့သည်မှာ ကာလရှည်ကြာနေပြီဖြစ်သည်။
၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ပတ်သက်သည့် ရာဇဝတ်မှုပေါင်း ၄,၉၉၈ မှုကို ဂျပန်ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရပြီး စုစုပေါင်းအမှု၏ ၄၉ ရာခိုင်နှုန်းခန့်ဖြစ်သော အမှုပေါင်း ၂,၄၄၇ မှုမှာ အိုကီနာဝါစီရင်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကား၍ ဂျပန်သတင်းစာ Shimbun Akahata က ယခင်က ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English version)
U.S. military civilian employee arrested in Japan's Okinawa over alleged trespassing
TOKYO, Nov. 27 (Xinhua) -- Police in Japan's Okinawa Prefecture on Friday arrested a 46-year-old civilian employee of the U.S. military on suspicion of trespassing into a residence, Kyodo News reported.
The suspect allegedly tried to break into an apartment in the city of Okinawa early Friday, but has denied the allegation, according to the report. Local police detected alcohol in his breath.
In early October, a U.S. serviceman was arrested in Naha, Okinawa Prefecture, on suspicion of robbing and murdering a Japanese woman. Following the incident, U.S. forces in Okinawa announced a 30-day curfew starting Oct. 9. The curfew for lower-ranking personnel was subsequently extended until Dec. 7.
Crimes involving U.S. military personnel stationed in Japan, including serious offenses such as murder, rape and robbery, have long been a source of deep public concern.
Japanese police handled 4,998 criminal cases nationwide involving U.S. military personnel, civilian employees and their family members from 1989 through May 2026, with 2,447 cases, or about 49 percent of the total, occurring in Okinawa Prefecture, Japanese newspaper Shimbun Akahata previously reported, citing National Police Agency data. ■
Photo caption : This photo taken on Nov. 25, 2023 shows the construction site of U.S. base in Henoko coastal area in Nago, Okinawa, Japan. The Japanese government on Thursday gave the green light to a revised plan for a key U.S. base relocation within Okinawa prefecture, taking the unprecedented step of overriding the prefectural government's objection, local media reported. (Xinhua/Feng Wuyong)