MyTech Myanmar

ညဉ့်နက်အထိ ဂိမ်းဆော့တဲ့ ခင်ပွန်းကို ဂိမ်းထဲမှာ ထပ်ခါတလဲလဲ သတ်ပေးဖို့ အွန်လိုင်းဂိမ်းကစားသူတွေကို တရုတ်အမျိုးသမီး တောင်းဆို

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူ ညလုံးပေါက် ဂိမ်းဆော့နေတာကို တားဆီးဖို့အတွက် အွန်လိုင်းဂိမ်းထဲမှာ သူ့ခင်ပွန်းကို ဝိုင်းသတ်ပေးကြဖို့ တခြားဂိမ်းကစားသူတွေကို တောင်းဆိုခဲ့ပါတယ်။ ဂိမ်းကစားသူတွေ ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြတာကြောင့် သူ့ရဲ့အကြံအစည် အောင်မြင်ခဲ့ပါတယ်။

 

ချန်လို့ မျိုးရိုးနာမည်ရှိတဲ့ အဲဒီအမျိုးသမီးဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သူ့ခင်ပွန်း လီ ဂိမ်းဆော့နေတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ခင်ပွန်းဖြစ်သူ သူနဲ့အတူ လာအိပ်နိုင်ဖို့အတွက် မနက် ၁ နာရီလောက်မှာ ဂိမ်းထဲကနေ ဝိုင်းသတ်ပေးကြဖို့ တခြားကစားသူတွေကို တောင်းဆိုခဲ့ပါတယ်။

 

အဲဒီဖြစ်ရပ်က အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး World of Warcraft ဂိမ်းရဲ့ တရုတ်နိုင်ငံဆိုင်ရာ တရားဝင်အကောင့်ကတောင် ပါဝင်လာခဲ့ပါတယ်။ တရားဝင်အကောင့်ကနေ ဇနီးဖြစ်သူရဲ့ ခင်ပွန်းအပေါ် ဆုကြေးထုတ်မှုအဖြစ် နောက်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုကိုပါ ပြန်လည်တင်ခဲ့ပါတယ်။

 

Ref : South China Morning Post

မူရင်းသတင်း — MyTech Myanmar